■ ချန်ပီယံလိဂ် ပွဲစဉ်-၁ (ပထမနေ့) ပွဲကြိုသုံးသပ်ချက်

■ ချန်ပီယံလိဂ် ပွဲစဉ်-၁ (ပထမနေ့) ပွဲကြိုသုံးသပ်ချက်
Photo: Liverpool FC
Photo: Liverpool FC
Published 17 September 2024

◘ ဂျူဗင်တပ်စ် - PSV (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၇ ရက် ည ၁၁:၁၅ နာရီ)

သီယာဂိုမော့တာရဲ့ ဂျူဗင်တပ်စ်က Solid Defence နဲ့ Tactical ပိုင်း တော်တော်လေးအားကောင်းတဲ့အသင်းပါ။ ခံစစ်က ဒီရာသီ စီးရီးအေမှာ ပေးဂိုးလုံးဝမရှိသေးတာ တွေ့ရတယ်။ အသင်းမှာ လူငယ်လူသစ်တွေ နေရာရလာကြပြီး ကစားဟန်က  ခိုင်မာနေတာလည်း တွေ့ရတယ်။ ဒါပေမဲ့ တိုက်စစ်ပိုင်းက အခွင့်အရေးဖြုန်းတီးမှုတွေရှိလို့ ရိုးမား၊ အမ်ပိုလီတို့ကို သရေကျခဲ့တယ်။ PSV က ပြည်တွင်းမှာ နို်င်ပွဲဆက်နေတဲ့အသင်းပါ။ ဂျူဗင်တပ်စ် ခက်ခဲနိုင်တယ်။ ကပ်နိုင်မယ်။

◘ ယန်းဘွိုင်းစ် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၇ ရက် ည ၁၁:၁၅ နာရီ)

ဂါလာတာစာရေးလို လူအင်အားတောင့်ပြီး မာကျောတဲ့အသင်းကို ကျော်ဖြတ်လာတဲ့ ယန်းဘွိုင်းစ်ကို အက်စတွန်ဗီလာ လျှော့တွက်လို့မရဘူး။ ပြီးခဲ့တဲ့ရာသီတုန်းက ကွန်းဖရန့်စ်လိဂ်အဆင့်မှာတောင် ဗီလာက အဝေးကွင်း ၆ ပွဲမှာ ၁ ပွဲနိုင်၊ ၂ ပွဲသရေ၊

၃ ပွဲရှုံးခဲ့တယ်။ အခုလည်း ယန်းဘွိုင်းစ်ကွင်းမှာ ဗီလာအသင်း ရုန်းကန်ရနိုင်တယ်။ အိမ်ရှင်ကို ပိုကြိုက်တယ်။

◘ ဘိုင်ယန်မြူးနစ် - ဒိုင်နမိုဇာဂရက် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၈ ရက် နံနက် ၁:၃၀ နာရီ)

ဘိုင်ယန်မြူးနစ်နဲ့ ဒိုင်နမိုဇာဂရက်က တော်တော်လေး အဆင့်ကွာပါတယ်။ ဒိုင်နမိုဇာဂရက်က ပြည်တွင်းလိဂ်မှာတောင် အကောင်းဆုံံးပုံစံ မပြနိုင်ဘူး။ ကွန်ပနီရဲ့ဘိုင်ယန်မြူးနစ်က ခြေစွမ်းပိုင်း တိုးတက်လာတယ်။ ဇာဂရက်နဲ့ တွေ့ခဲ့တဲ့ နောက်ဆုံး

၄ ကြိမ်စလုံးလည်း နိုင်ထားတယ်။ ချန်ပီယံလိဂ်မှာလည်း ၆ ပွဲဆက် ရှုံးပွဲမရှိထားဘူး။ နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာ သွင်းဂိုး စုစုပေါင်းက ၁၉ ဂိုးအထိ ရှိခဲ့ပြီး တစ်ပွဲပျမ်းမျှ ၃ ဂိုးကျော်သွင်းနိုင်ခဲ့တယ်။ ဒီပွဲလည်း ဘိုင်ယန် ဂိုးပြတ်သွင်းနိုင်တယ်။

◘ အေစီမီလန် - လီဗာပူးလ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၈ ရက် နံနက် ၁:၃၀ နာရီ)

အေစီမီလန်နဲ့ လီဗာပူးလ် နှစ်သင်းစလုံးက ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းထဲမှာ အအောင်မြင်ဆုံးအသင်းတွေထဲက နှစ်သင်းဖြစ်တယ်။ အစ္စတန်ဘူလ်ဖိုင်နယ်မှာ လီဗာပူးလ်က မှော်ဝင်ပုံစံကောင်းနဲ့ ဖလားသိမ်းခဲ့ပြီး ၂၀၀၇ မှာတော့ အေစီမီလန်က

ပြန်အနိုင်ယူပြီး ဖလားသိမ်းခဲ့တယ်။ နောက်ပိုင်းနှစ်တွေမှာ အေစီမီလန်အသင်းက တော်တော်လေး ကျဆင်းသွားခဲ့ပေမဲ့ လီဗာပူးလ်က တဖြည်းဖြည်း တိုးတက်လာခဲ့တယ်။ အခုအချိန်မှာ လီဗာပူးလ်လိုပဲ အေစီမီလန်ကလည်း တောင့်တင်းတဲ့အခြေအနေကို

ပြန်ရောက်လာခဲ့ပြီ။ ဆန်စီရိုမှာ ကစားရမယ့်ပွဲက လီဗာပူးလ်အတွက်တော့ ခက်ခဲမယ့်ပွဲတစ်ပွဲပါ။ အေစီမီလန်ကို ကြိုက်တယ်။

◘ စပို့တင်းလစ္စဘွန်း - လိုင်လီ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၈ ရက် နံနက် ၁:၃၀ နာရီ)

လိုင်လီက ဆလားဘီးယားပရပ်ဂ် အသင်းကို ခက်ခက်ခဲခဲ ကျော်ဖြတ်လာတဲ့အသင်းဖြစ်ပြီး စပို့တင်းလစ္စဘွန်းကတော့  ပြည်တွင်းလိဂ်နောက်ဆုံးပွဲတွေမှာ ပေါ်တိုကို အနိုင်ကစားခဲ့တာအပါအဝင် ဆက်တိုက်နို်င်ပွဲဆက်နေတယ်။ ဒီနှစ်သင်း ဥရောပမှာ

ခြေသိပ်မကွာပေမဲ့ လက်ရှိတော့ စပို့တင်းက ပိုပြီး ကောင်းတဲ့အသင်းပါ။ စပို့တင်းပဲ ကြိုက်တယ်။

◘ ရီးယဲလ်မက်ဒရစ် - စတုဂတ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၈ ရက် နံနက် ၁:၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာ ဘက်တစ်နဲ့ ဆိုစီဒက်တို့ကို အနိုင်ယူခဲ့တယ်။ အသင်းလိုက်ကစားပုံကတော့ အခုအချိန်အထိ အကောင်းဆုံးအခြေအနေမှာ ရှိမနေသေးတာကို တွေ့ရတယ်။ တိုက်စစ်ပိုင်းမှာ ဗင်နီစီယပ်စ်နဲ့

အမ်ဘာပေတို့ နှစ်ဦး အတွဲနည်းနည်း ပိုမိလာတယ်။ စတုဂတ်ကတော့ ဘွန်ဒစ်လီဂါမှာ ဇယားအလယ်ရောက်နေတဲ့အသင်းပါ။ ရီးယဲလ်မက်ဒရစ်နဲ့ ခြေကွာသလို၊ ကစားသမားအင်အားလည်း အရမ်းကွာတယ်။ မက်ဒရစ် ဂိုးပြတ်သွင်းမယ်။

Most Read

Most Recent