■ အာနိုးလ်ကို ခေါ်ယူရန် ရီးယဲလ်အသင်း စတင်ဆက်သွယ်

■ အာနိုးလ်ကို ခေါ်ယူရန် ရီးယဲလ်အသင်း စတင်ဆက်သွယ်
Photo: Getty Images
Photo: Getty Images
Published 4 October 2024

ရီးယဲလ်အသင်းသည် လီဗာပူးလ်အသင်းမှ အင်္ဂလန်နောက်ခံလူ အာနိုးလ်ကို ခေါ်ယူရန် စတင်ဆက်သွယ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အာနိုးလ်သည် လာမည့်နွေရာသီတွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူ နိုင်မည်ဖြစ်သောကြောင့် ရီးယဲလ်အသင်းက ၎င်းကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။ 

နည်းပြအပြောင်းအလဲကြောင့် လီဗာပူးလ်အသင်းနှင့် လမ်းခွဲဖွယ်ရှိသည်ဟု သတင်းထွက်နေသည့် အာနိုးလ်ကို ရီးယဲလ်အသင်းက ယခုရက်ပိုင်းအတွင်း စတင်ဆက်သွယ်ချဉ်းကပ်ခဲ့ကြောင်း သိရသည်။

အသက် (၂၅) နှစ်အရွယ်ရှိ အာနိုးလ်သည် လီဗာပူးလ်အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး (၈) ရာသီကျော်ကာလအတွင်း ပြိုင်ပွဲစုံ (၃၁၈) ပွဲတွင် (၁၉) ဂိုး သွင်းယူထားသည်။ 

လီဗာပူးလ်အသင်းအနေဖြင့် ၎င်းတို့၏ငယ်မွေးခြံပေါက်ကစားသမားဖြစ်သူ အာနိုးလ်ကို စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းနေကြောင်းလည်း သိရှိရသည်။ 

ထို့ပြင် အာနိုးလ်ကိုယ်တိုင်ကလည်း လီဗာပူးလ်အသင်းတွင် အသင်းခေါင်းဆောင်ဖြစ်လိုသည်ဟု ဝန်ခံထားသည်။ 

Most Read

Most Recent