ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အား အွန်လိုင်းပေါ်မှ လူမျိုးရေးခွဲခြားခဲ့သူ(၄)ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ဘရာဇီးလ်ကစားသမား ဗင်နီစီယပ်စ်သည် ယခုနောက်ပိုင်းကာလများတွင် လူမျိုးရေးခွဲခြားမှုများနှင့် ဆက်တိုက်ရင်ဆိုင်နေရသည်။
ယခုဖမ်းဆီးခံခဲ့ရသူ (၄)ဦးမှာ ဗင်နီစီယပ်စ်အား လူမျိုးရေးခွဲခြားမှုနှင့် မုန်းတီးမှုများပိုမိုပြင်းထန်စေရန် အွန်လိုင်းမှတစ်ဆင့် လှုံ့ဆော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
စပိန်ရဲတပ်ဖွဲ့က ၎င်းတို့၏အမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ကြောင်း သိရသည်။