အင်္ဂလန်လက်ရွေးစင်အသင်း၏ ယာယီနည်းပြအဖြစ် ဆောင်ရွက်နေသည့် လီကာစလေက နည်းပြသစ် သောမတ်စ် တူဟယ်လ်နှင့် စကားပြောဆိုဖြစ်သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။
လီကာစလေသည် ယခုတစ်ပတ် UEFA Nations League ပွဲစဉ်များ ပြီးဆုံးသည်အထိ အင်္ဂလန်လက်ရွေးစင်အသင်း၏ ယာယီနည်းပြအဖြစ် ဆောင်ရွက်သွားရမည်ဖြစ်ပြီး လာမည့် နှစ်တွင် သောမတ်စ်တူဟယ်လ်က တာဝန်ယူမည်ဖြစ်သည်။
လီကာစလေက သောမတ်စ်တူဟယ်လ်နှင့် မက်ဆေ့ချ်ဖြင့် စကားပြောဆိုဖြစ်သော်လည်း လူရွေးချယ်မှုတွင်မူ ၎င်း၏ လွှမ်းမိုးမှု ပါဝင်ခြင်းမရှိကြောင်းလည်း ဆိုခဲ့သည်။
လီကာစလေ၏ နောက်ဆုံးလူရွေးချယ်မှုတွင် ကစားသမားသစ်အချို့ ပါဝင်လာသည့်အတွက် ဝေဖန်မှုများရှိနေကြောင်း သိရသည်။