အိုနာနာကို မဝေဖန်သင့်တော့ဘူး (Life)

အိုနာနာကို မဝေဖန်သင့်တော့ဘူး (Life)
Photos: AFP
Photos: AFP
Published 16 October 2024
AK

အိုနာနာဟာ ဆောက်သမ်တန်နဲ့ပရီးမီးယားလိဂ်ပွဲမှာ ပယ်နယ်တီကို နှစ်ဆင့် ကာကွယ်နိုင်ခဲ့တယ်။ တကယ်လို့များ အဲဒီ ပယ်နယ်တီသာဝင်ရင် ဆောက်သမ်တန်ကို မန်ယူ ဂိုးပြတ်နိုင်မယ်မထင်ဘူး။ ဂိုးပြတ်နိုင်ဖို့ဆိုတာထက် သရေကျရင်ကံကောင်းလို့ ပြောရမယ့် မန်ယူအတွက် ကံကြမ္မာဆိုးကို အိုနာနာ ပုတ်ထုတ်ပေးခဲ့တာပါ။ မန်ယူရဲ့နိုင်ပွဲမရသေးတဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေမှာလည်း အိုနာနာကလက်စွမ်းပြနေပါတယ်။ FC တွမ်တီးနဲ့ပွဲမှာတည်ငြိမ်ခဲ့သလို၊ ပေါ်တိုနဲ့ပွဲမှာ အိုနာနာသာလက်စွမ်းမပြရင် မန်ယူရှုံးသွားနိုင်တယ်။ ခရစ္စတယ်ပဲလေ့စ်၊ ဗီလာတို့နဲ့ပွဲတွေမှာလည်း လက်စွမ်းပြကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ Clean SHeet တွေရခဲ့ပါတယ်။ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိပွဲအများဆုံးဂိုးသမားအဖြစ် အိုနာနာကလီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်နဲ့ အတူတူရပ်တည်နေပါတယ်။ ပရီးမီးယားလိဂ် ၇ ပွဲကစားပြီးချိန်မှာ  ပေးဂိုးမရှိအောင် အိုနာနာ စွမ်းဆောင်နိုင်ခဲ့တာ ၄ ပွဲရှိနေပါပြီ။ လူတကာချီးကျူးနေတဲ့ အာဆင်နယ်ဂိုးသမားဒေးဗစ်ရာယာက ဂိုးမပေးရတဲ့ပွဲ ၃ ပွဲပဲရှိတယ်။ ဒီတော့ဝေဖန်သံတွေဟာ အိုနာနာအတွက် မဖြစ်သင့်တော့ဘူး။ ပရီးမီးယားလိဂ် ထိပ်တန်းဂိုးသမားဖြစ်ကြောင်း အိုနာနာသက်သေပြနေပါပြီ။

 

Most Read

Most Recent