■ ပြည်တွင်းနည်းပြခန့်အပ်ခြင်း၏ အညမည သက်ရောက်မှု

■ ပြည်တွင်းနည်းပြခန့်အပ်ခြင်း၏ အညမည သက်ရောက်မှု
Photo: MFF
Photo: MFF
Published 18 September 2024
Aung Naing Aung

ဖိုက်ရှ်အွန်ဘိုင်နာနဲ့ လမ်းခွဲအပြီးမှာ MFF ဟာ အစားထိုးနည်းပြခန့်ဖို့ နိုင်ငံခြားသားနည်းပြတစ်ယောက်ကို ရှာနေခဲ့တာတော့ သေချာပါတယ်။ ဒါပေမဲ့ တကယ်တမ်းခန့်အပ်လိုက်တဲ့အချိန်မှာတော့ ပြည်တွင်းနည်းပြ ဖြစ်နေပါတယ်။ ဒီနေရာမှာ ပြည်တွင်းနည်းပြ ခန့်အပ်တာနဲ့ ပတ်သက်လို့ သဘောတူ၏၊ မတူ၏ မပြောလိုပါ။  ဘာကြောင့်ဆိုတော့ ကျွန်တော်နဲ့ မသက်ဆိုင်လို့ပါ။ ကျွန်တော်နဲ့ သက်ဆိုင်တာက ပြည်တွင်းနည်းပြ ခန့်အပ်ခြင်း၏နောက်၌ ဖြစ်ပေါ်လာနိုင်တဲ့ အညမညများကိုသာ အကြံပြုဝေဖန်ထောက်ပြဖို့ပါပဲ။ ကျွန်တော်တို့ နားလည်ထားတာက နိုင်ငံလက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်မယ့် နည်းပြဟာ ပရော်ဖက်ရှင်နယ်လိုင်စင်(AFC PRO License) ကိုင် ဆောင်ထားသူဖြစ်ရပါလိမ့်မယ်။

 

Most Read

Most Recent