ဂျူဗင်တပ်စ်အသင်း၏ အုပ်ချုပ်မှုအဖွဲ့တွင် ချီလီနီ တာဝန်ထမ်းဆောင်မည်ဟု အသင်းဥက္ကဋ္ဌ ဆကာနီဗီရို အတည်ပြု

ဂျူဗင်တပ်စ်အသင်း၏ အုပ်ချုပ်မှုအဖွဲ့တွင် ချီလီနီ တာဝန်ထမ်းဆောင်မည်ဟု အသင်းဥက္ကဋ္ဌ ဆကာနီဗီရို အတည်ပြု
Photo: Juventus
Photo: Juventus
Published 16 September 2024

ဂျူဗင်တပ်စ်အသင်းနှင့် အီတလီလက်ရွေးစင်အသင်းတို့၏ ဂန္ထဝင်နောက်ခံလူ ချီလီနီသည် ကစားသမားဘဝမှအနားယူပြီးနောက် ဂျူဗင်တပ်စ်အသင်း၏ အုပ်ချုပ်မှုအဖွဲ့တွင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဆကာနီဗီရိုက အတည်ပြုပြောကြားခဲ့သည်။

အသက် (၄၀)နှစ်အရွယ်ရှိ ချီလီနီသည် အမေရိကန်မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အသင်းတွင် ကစားနေစဉ် ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလအတွင်းက ကစားသမားဘဝမှအနားယူကြောင်း  ကြေညာခဲ့ပြီး (၉)လအကြာတွင် ဘောလုံးလောကသို့ တစ်ကျော့ပြန်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချီလီနီနှင့်ပတ်သက်ပြီး အသင်းဥက္ကဋ္ဌ ဆကာနီဗီရိုက ''ချီလီနီဟာ ဂျူဗင်တပ်စ်အသင်းကနေ ဘယ်သောအခါမှ အမှန်တကယ် မထွက်ခွာခဲ့ပါဘူး။ သူ့ (ချီလီနီ)ရဲ့ အရာအားလုံးဟာ ဂျူဗင်တပ်စ်အသင်းနဲ့အမြဲဆက်နွယ်နေတာပါ။ စက်တင်ဘာ (၁၆) ရက်နေ့ကစလို့ ချီလီနီဟာ အသင်းရဲ့ ဘောလုံးဖွံ့ဖြိုးတိုးတက်မှု အုပ်ချုပ်သူအဖြစ် တာဝန်ယူသွားပါမယ်''ဟု ဆိုခဲ့သည်။

ချီလီနီသည် ဂျူဗင်တပ်စ်အသင်းအတွက် (၁၇)ရာသီအတွင်း (၂၀၀၅-၀၆ မှ ၂၀၂၁-၂၂ အထိ)ပြိုင်ပွဲစုံ (၅၆၁)ပွဲကစားရာတွင် (၃၆)ဂိုးသွင်းယူပေးခဲ့ပြီး ပြည်တွင်းမေဂျာဆုဖလား (၁၉)လုံး ရယူနိုင်ခဲ့သူဖြစ်သည်။

Most Read

Most Recent