■  နာမည်ကြီး ထမင်းငတ်မဖြစ်ရအောင်

■  နာမည်ကြီး ထမင်းငတ်မဖြစ်ရအောင်
Photo: Reuters
Photo: Reuters
Published 12 June 2024
AK

နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခု နီးကပ်လာတိုင်း ချန်ပီယံဆုအတွက် အင်္ဂလန်ရေပန်းစားတာ မထူး ဆန်းပါဘူး။ အထင်ကြီးခံရမှုဟာ အင်္ဂလန်ရဲ့ ရိုးရာဖြစ်ပြီး အဆုံးသတ်ဇာတ်သိမ်းခန်းရောက်တိုင်း နာကျင်ရတာလည်း အင်္ဂလန်ရဲ့ ရိုးရာပါပဲ။ အခုလည်း ယူရို ၂၀၂၄ မှာ အင်္ဂလန်က ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်နေပြန်တယ်။ ၂၀၁၈ ကမ္ဘာ့ဖလား၊ ယူရို ၂၀၂၀ ၊ ၂၀၂၂ ကမ္ဘာ့ဖလား နိုင်ငံတကာပြိုင်ပွဲကြီး သုံးကြိမ်ဆက် ချန်ပီယံအသွေးအသားပြသနိုင်ခဲ့တဲ့ ပြင်သစ်ထက် ပိုပြီးအင်္ဂလန်က ရေပန်းစားနေတာပါပဲ။ ဒါပေမဲ့ ယူရို ၂၀၂၄ အကြိုကာလမှာပဲ အင်္ဂလန်ဟာ သံသယဝင်ခံရတယ်။

 

Most Read

Most Recent