နယူးကာဆယ်၌ ပျော်ကြောင်း အာဆင်နယ်ပစ်မှတ် အီဆက်ခ် ဆို

နယူးကာဆယ်၌ ပျော်ကြောင်း အာဆင်နယ်ပစ်မှတ် အီဆက်ခ် ဆို
Photo : Getty Images
Photo : Getty Images
Published 6 June 2024

အာဆင်နယ်အသင်းက ခေါ်ယူရန်ပစ်မှတ်ထားနေသည့် ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်က ၎င်းအနေဖြင့် နယူးကာဆယ်အသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့သည်။

နယူးကာဆယ်အသင်းသည် ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းနှင့်ကိုက်ညီမှုရှိစေရန်အတွက် ယခုနွေတွင် အသင်းကစားသမားအချို့ကို ရောင်းထုတ်ဖွယ်ရှိပြီး ယင်းထဲတွင် အီဆက်ခ်ပါဝင်ကြောင်း မီဒီယာများကဖော်ပြနေကြသည်။

သို့သော် အီဆက်ခ်က ၎င်းအနေဖြင့် အသင်းပြောင်းရွှေ့ရန်စဉ်းပင် မစဉ်းစားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော် နယူးကာဆယ်မှာ ပျော်နေပါတယ်။ ဒီအသင်းကနေ ထွက်ခွာဖို့ စဉ်းတောင် မစဉ်းစားမိပါဘူး။ ဒီမှာ  ကျွန်တော့်ရဲ့ ဖြစ်တည်မှုကို အရမ်းသဘောကျပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent