ကိုပါအမေရိကပြိုင်ပွဲ အုပ်စု(C) ပွဲကြိုသုံးသပ်ချက်

ကိုပါအမေရိကပြိုင်ပွဲ အုပ်စု(C) ပွဲကြိုသုံးသပ်ချက်
Photo: Darwin Nunez Twitter
Photo: Darwin Nunez Twitter
Published 27 June 2024

ပနားမား နှင့် အမေရိကန် (မြန်မာစံတော်ချိန် သောကြာနံနက် ၄း၃၀ နာရီ)

၂၀၁၃ Gold Cup ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ နောက်ဆုံးတွေ့ဆုံထားပြီး ပနားမားအသင်းက ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူကာ ဗိုလ်လုပွဲတက်ခဲ့တယ်။ ဒါပေမဲ့ အမေရိကန်အသင်းက အဲဒီပြိုင်ပွဲမှာ အရန်ကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့တာကိုတော့ သတိပြုရမယ်။ လက်ရှိ အမေရိကန်အသင်းက အင်္ဂလန်အခြေစိုက် ကိုးဦးအပါအဝင် အဓိကကစားသမားအားလုံး ခေါ်ယူထားတာ တွေ့ရတယ်။ ပနားမားအသင်းကတော့ ဥရုဂွေး၊ အမေရိကန်အသင်းတွေနဲ့ ဆက်တိုက်ကစားရတာဖြစ်လို့ သိပ်တော့ မချောင်လှပါဘူး။ အိမ်ရှင်ဖြစ်တဲ့ အမေရိကန်ဘက်ကပဲ ရပ်တည်ချင်တယ်။

ဥရုဂွေး နှင့် ဘိုလစ်ဗီးယား (မြန်မာစံတော်ချိန် သောကြာနံနက် ရး၃၀ နာရီ)

ပြီးခဲ့တဲ့နှစ်က နောက်ဆုံးတွေ့ဆုံထားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာတော့ ဥရုဂွေးအသင်းက ဂိုးပြတ်အနိုင်ယူထားခဲ့ပါတယ်။ ဥရုဂွေးအသင်းကို အာဂျင်တီးနားဝါရင့်နည်းပြဖြစ်သူ ဘီယဲလ်ဆာ ကိုင်တွယ်နေတာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သလို၊  ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ထိပ်တန်းအသင်းတွေဖြစ်တဲ့ ဘရာဇီးလ်၊ အာဂျင်တီးနားတို့ကို အနိုင်ယူထားခဲ့တာက လက်ရှိအသင်း အခြေအနေကို မှန်းဆလို့ရနေတယ်။ ဘီယဲလ်ဆာရဲ့စိတ်ကြိုက် Line-up မှာ ၀ါရင့်တိုက်စစ်မှူး ဆွာရက်ဇ်အတွက် နေရာမရှိသလိုတောင်ဖြစ်နေတာ တွေ့ရတယ်။ ဘိုလစ်ဗီးယားရဲ့ခြေစွမ်းက ဒီအုပ်စုမှာ ပနားမားအသင်းနဲ့ အုပ်စုတတိယနေရာလောက်ပဲ လုရမယ့် အဆင့်အတန်းမျိုးပါပဲ။ ဥရုဂွေးအသင်း အနိမ့်ဆုံး နှစ်ဂိုးလောက်တော့ပြတ်မယ်။