(၃)နှစ်အတွင်း နည်းပြဘဝမှ ဆာရီ အနားယူမည်

(၃)နှစ်အတွင်း နည်းပြဘဝမှ ဆာရီ အနားယူမည်
Photo: X
Photo: X
Published 16 May 2024

လာဇီယိုအသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် အီတလီဝါရင့်နည်းပြ ဆာရီက မိိမိအနေဖြင့် လာမည့် (၂) နှစ်၊ (၃)နှစ်အတွင်း နည်းပြလောကမှ အပြီးတိုင်အနားယူမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

အသက် (၆၅)နှစ်အရွယ်ရှိ အီတလီလူမျိုးနည်းပြ ဆာရီသည် နည်းပြဘဝတွင် နာပိုလီ၊ ချယ်လ်ဆီး၊ ဂျူဗင်တပ်စ်၊ လာဇီယိုတို့ကဲ့သို့ နာမည်ကြီးကလပ်များအပါအဝင် ကလပ်အသင်း ပေါင်း (၂၀) ကျော်ကို ကိုင်တွယ်ဖူးသူဖြစ်သည်။

ဆာရီသည် လာဇီယိုအသင်းကို (၃)နှစ်နီးပါး ကိုုင်တွယ်ပြီးနောက် အဆင်မပြေသဖြင့် မတ် (၁၂) ရက်တွင် ရာထူးမှနှုတ်ထွက်ခဲ့သည်။

ဆာရီက ''(၂) နှစ်၊ (၃) နှစ်အတွင်း နည်းပြဘဝကနေ ကျွန်တော် အနားယူတော့မှာပါ။ အနားယူပြီးနောက်မှာ ကျွန်တော့်ပတ်ဝန်းကျင်က လူငယ်တွေကို ကူညီပေးသွားမှာပါ''ဟု ဆိုခဲ့သည်။

ဆာရီသည် လာမည့်ရာသီတွင် အသင်းတစ်သင်းသင်းကို ကိုင်တွယ်ဖွယ်ရှိကြောင်းလည်း သိရသည်။ 

Most Read

Most Recent