ထရန့်ထောက်ခံသူများသည် အမှိုက်များဖြစ်သည်ဟု သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့သဖြင့်  ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရန့်က အမှိုက်ကားပေါ်တွင် ထိုင်ပြကာ မဲဆွယ်ခဲ့

ထရန့်ထောက်ခံသူများသည် အမှိုက်များဖြစ်သည်ဟု သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့သဖြင့်  ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရန့်က အမှိုက်ကားပေါ်တွင် ထိုင်ပြကာ မဲဆွယ်ခဲ့
ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရန့်ကို အောက်တိုဘာ ၃၀ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရန့်ကို အောက်တိုဘာ ၃၀ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 31 October 2024

အောက်တိုဘာ ၂၉ ရက်တွင် ဒီမိုကရက်တစ် သမ္မတဂျိုးဘိုင်ဒင်က ထရန့်ထောက်ခံသူများ သည်အမှိုက်သရိုက်များဖြစ်သည်ဟု  ပြောခဲ့သောစကားကိုအကြောင်းပြုကာ ဒေါ်နယ်ထရန့်ကအောက်တိုဘာ ၃၀ ရက်တွင် ဝစ္စကွန်ဆင်လေဆိပ်၌ အမှိုက်ကား ပေါ်တက်ထိုင်ခဲ့ကာ သတင်းထောက်များ၏မေးခွန်းများကို ဖြေကြားခဲ့သည်။

အမှိုက်သိမ်းသူများဝတ်ဆင်သော လိမ္မော်ရောင် ရောင်ပြန်အပေါ်အင်္ကျီဝတ်ထားသော ထရန့်က အမှိုက်ကားပေါ်တွင်ထိုင်လျက်သတင်းထောက်များ၏မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့သည်။

“ကျွန်တော့်ရဲ့ အမှိုက်သိမ်းကားကဘယ်လိုနေလဲ။ ဒီအမှိုက်ကားဟာ ကာမလာဟဲရစ်နဲ့ဂျိုးဘိုင်ဒင်တို့ကို ဂုဏ်ပြုတဲ့ကားဖြစ်ပါတယ်။ ခင်ဗျားဟာအမေရိကန်ပြည်သူတွေကို မုန်းနေတယ်ဆိုရင် ခင်ဗျားဟာ အမေရိကန်သမ္မတမဖြစ်နိုင်ပါဘူး။ သူတို့ကအမေရိကန်ပြည်သူတွေကို မုန်းနေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု ထရန့်က အမှိုက်ကားပေါ်မှ ထိုင်ရင်းပြောကြားခဲ့သည်။        

“ဂျိုးဘိုင်ဒင်ဟာကိုယ့်ကိုယ်ကိုယ်ရှက်သင့်ပါတယ်။ ဂျိုးဘိုင်ဒင်နဲ့တစ်ဖွဲ့တည်းဖြစ်တဲ့ ဟဲရစ်လည်း အပြစ်ရှိပါတယ်”ဟု ထရန့်ကပြောကြားခဲ့ပြီး ထရန့်ထောက်ခံသူများသည် အမှိုက်သရိုက်များမဟုတ်ဟုဆိုခဲ့ သည်။

ထရန့်သည် ပရိတ်သတ် ၂၀,၀၀၀ ဆံံ့ မက်ဒီဆင်စကွဲယားဂါးဒန်းကွင်းတွင် ပြုလုပ်သော စည်းရုံးရေးပွဲ၌ ဒုတိယသမ္မတကာမလာဟဲရစ်ကို အဆက်အပြတ်ဝေဖန်တိုက်ခိုက်ခဲ့သည်။ဒီမိုကရက်တစ် အမာခံနယ်မြေဖြစ် သည့် နယူးယောက်တွင် ပြုလုပ်သည့် စည်းရုံးရေးပွဲတွင် အခြားသူများကလည်း ဟောပြော စည်းရုံးမှုများပြုလုပ်ခဲ့ရာ၌ ၎င်းတို့ကလည်း ကာမလာဟဲရစ်ကို ဝေဖန်ခဲ့ကြသည်။ ယင်း သို့ဝေဖန်တိုက်ခိုက်ခဲ့ရာတွင် ပွါတိုရီကိုနိုင်ငံသားများဟူသော အသုံးအနှုန်းပါဝင်ခဲ့သည်။

ဟာသပညာရှင် တိုနီဟင့်ချ်ကလစ်ဖ်က လက်တင်သားများအကြား ကလေးမွေးဖွားမှုများကို ဦးတည်ပြောကြားခဲ့ပြီး ကာရီဘီယံဒေသရှိ အမေရိကန်ပိုင် ပွါတိုရီကိုသည် မျောနေသော အမှိုက်ကျွန်းဖြစ်နေပြီဟု ပြောကြားခဲ့သည်။

“သူဘယ်သူဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော်ဟာ သူ့အကြောင်းကို ဘာမှမသိပါဘူး”ဟု ထရန့်က ဟာသပညာရှင်တိုနီ ဟင့်ချ်ကလစ်ဖ်ကိုရည်ညွှန်းပြောကြားခဲ့သည်။

“ကျွန်တော်က ပွါတိုရီကို ကိုချစ်ပါတယ်။ ပွါတိုရီကိုက ကျွန်တော့်ကို ချစ်ပါတယ်”ဟု ထရန့်က ဆက်လက် ပြောကြားခဲ့သည်။

ထရန့်ထောက်ခံသူများကို အမှိုက်ဟုပြောခဲ့သော ဂျိုးဘိုင်ဒင်က ၎င်းအနေဖြင့် ထရန့်ထောက်ခံသူအားလုံးကို ရည်ညွှန်းခြင်းမရှိဟု ပြောကြားခဲ့သည်။ထရန့်ဆန့်ကျင်ရေးအဖွဲ့ဖြစ်သော Lincoln Project က ထရန့် ၏စက်တင်ဘာ ၇ ရက် ဝစ္စကွန်ဆင် မဲဆွယ်ပွဲတွင် ထရန့်ပြောခဲ့သောဗီဒီယိုကို မျှဝေပေးခဲ့သည်။ ဒုတိယသမ္မတကို ဝန်းရံကြသူများသည် အမှိုက်များဖြစ်သည်ဟု ထိုစဉ်က ထရန့်က ပြောခဲ့သည်ကို တွေ့ရ သည်။

ယခုအခါ ၂၀၂၄ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးသူ ၅၇ သန်းရှိ နေပြီဖြစ်ရာ ထိုအရေအတွက်သည် ၂၀၂၀ တွင်မဲပေးခဲ့သူအားလုံး၏သုံးပုံတစ်ပုံရှိသည်။

Photo: AFP

Most Read

Most Recent