ပတ်ဒရီအား စာချုပ်သစ်ချုပ်ဆိုရန် ဘာစီလိုနာ ဆွေးနွေး

ပတ်ဒရီအား စာချုပ်သစ်ချုပ်ဆိုရန် ဘာစီလိုနာ ဆွေးနွေး
Photo: Pedri
Photo: Pedri
Published 19 September 2024

ဘာစီလိုနာအသင်းသည် အသင်း၏စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမား ပတ်ဒရီအား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း သိရှိရသည်။

ဘာစီလိုနာအသင်းနှင့် ချုပ်ဆိုထားသည့် ပတ်ဒရီ (၂၁ နှစ်)၏ လက်ရှိစာချုပ်မှာ ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ပတ်ဒရီသည် ၂၀၂၀ နွေရာသီတွင် လက်ပါမားစ်အသင်းမှ ဘာစီလိုနာအသင်းထံသို့ ယူရို (၅) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။

၎င်းသည် ဘာစီလိုနာသို့ စရောက်ကတည်းက အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့ပြီး ၂၀၂၁-၂၂ ရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်ခဲ့ရသည်။

ပတ်ဒရီသည် ယခုရာသီတွင် ဘာစီလိုနာအတွက် ခြေစွမ်းပြနေပြီး ၎င်းကိုခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရသည်။

ထို့ကြောင့် ဘာစီလိုနာအသင်းသည် စာချုပ်နောက်ဆုံးနှစ် မရောက်မီ ပတ်ဒရီအား စာချုပ်သစ်ချုပ်ဆိုရန်အတွက် ဆွေးနွေးနေပြီး သဘောတူညီမှုရရန် နီးစပ်နေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent