■ ပုံစံကောင်းပြန်ရနေသည့် ရပ်ရှ်ဖို့ဒ်ကို အရန်အဖြစ်သာ အသုံးပြုခြင်းအတွက် အဲရစ်တန်ဟက်ဂ် ကာကွယ်

■ ပုံစံကောင်းပြန်ရနေသည့် ရပ်ရှ်ဖို့ဒ်ကို အရန်အဖြစ်သာ အသုံးပြုခြင်းအတွက် အဲရစ်တန်ဟက်ဂ် ကာကွယ်
Photo: GOAL
Photo: GOAL
Published 22 September 2024

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ် သည် ပုံစံကောင်းပြန်ရနေသည့် တိုက်စစ်မှူး မားကပ်စ်ရပ်ရှ်ဖို့ဒ်ကို ပဲလေ့စ်အသင်းနှင့်ပွဲ၌ အရန်အဖြစ်သာ အသုံးပြုခြင်းအတွက် ကာကွယ်ပြောကြားခဲ့ကြောင်း သိရသည်။

ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်တစ်ပတ်အတွင်း ဆောက်သမ်တန်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲတွင် တစ်ဂိုး၊ ဘန်စလေအသင်းနှင့် လိဂ်ဖလားပွဲတွင် နှစ်ဂိုး သွင်းယူထားနိုင်သူဖြစ်သည်။

သို့သော် စက်တင်ဘာ ၂၁ ရက်က ပဲလေ့စ်အသင်းနှင့် သရေကျသည့်ပွဲတွင် ၎င်းကို ၆၁ မိနစ်မှသာ လူစားဝင်အဖြစ် အသုံးပြုခဲ့သဖြင့် တန်ဟက်အပေါ် ဝေဖန်မှုများရှိနေခြင်းဖြစ်သည်။

သို့ဖြစ်ရာ တန်ဟက်က ''ဒါက ခက်ခဲတဲ့ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျွန်တော်တို့ အလှည့်ကျလုပ်ရပါမယ်။ ကျွန်တော်တို့မှာ ပွဲတွေအများကြီးရှိနေပါတယ်။ ဂါနာချိုကိုလည်း ပွဲကစားခွင့်ပေးရပါမယ်''ဟု ဆိုသည်။

Most Read

Most Recent