ဘော့စနီးယား - ဂျာမနီ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၂ ရက် နံနက် ၁:၁၅ နာရီ)
ဂျာမနီက နယ်သာလန်နဲ့ပွဲအပြီးမှာ ဘော့စနီးယားနဲ့ ဆက်ကစားရမယ်။ လက်ရှိ ဂျာမနီရဲ့ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ်စုဖွဲ့မှု အပြင် နာဂယ်စ်မန်းလက်ထက်မှာ အားကောင်းနေတဲ့အသင်းတစ်သင်းအဖြစ် မြင်နေရတယ်။ ဘော့စနီးယားကတော့ အားနည်းချက်တွေရှိနေတဲ့အသင်းပါ။ ဘော့စနီးယားရဲ့အရည်အသွေးက လွန်ခဲ့တဲ့ ၄၊ ၅ နှစ်လောက်က အရည်အသွေးမျိုးကို မမီတော့ဘူးလို့လည်းပြောနိုင်တယ်။ ဂျာမနီပဲ နိုင်မယ်။
ဟန်ဂေရီ - နယ်သာလန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၂ ရက် နံနက် ၁:၁၅ နာရီ)
ဟန်ဂေရီက ပြီးခဲ့တဲ့ ၃၊ ၄ နှစ်အတွင်းမှာ သိသိသာသာ တိုးတက်မှု ပြသလာခဲ့ပြီးမှ ရုတ်တရက်ပဲ ခြေပြန်ကျသလိုဖြစ်သွားတယ်။ ဂျာမနီအသင်းကိုလည်း အကြိမ်ကြိမ် ဒုက္ခပေးခဲ့ရာက အခု အုပ်စုအဖွင့်ပွဲမှာ ဂိုးပြတ်ရှုံးခဲ့ပြီး ဘော့စနီးယားနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း သရေပဲ ကစားနိုင်ခဲ့တယ်။ နယ်သာလန်က အခုအချိန်မှာ လူစာရင်းရော ကစားပုံပါ ပိုငြိမ်လာပြီး တိုးတက်လာတဲ့အသင်းပါ။ နယ်သာလန်ပဲ နိုင်မယ်။
ဆလိုဗက်ကီးယား - ဆွီဒင် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၂ ရက် နံနက် ၁:၁၅ နာရီ)
ဆွီဒင်က ကစားသမားအင်အား ပိုတောင့်တင်းပေမယ့် အသင်းလိုက်ဆိုရင် ဒီနှစ်သင်းကြားမှာ ကွာဟချက်မကြီးမားပါဘူး။ ဆလိုဗက်ကီးယားအိမ်ကွင်းမှာ ဆွီဒင်ကို ဒုက္ခပေးနိုင်ပါလိမ့်မယ်။ ဆလိုဗက်ကီးယားပဲ ကြိုက်တယ်။
■ အခြားပွဲစဉ်များ
*အက်စတိုးနီးယား - အဇာဘိုင်ချန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၁ ရက် ည ၁၀:၃၀ နာရီ)
*ချက် - အယ်လ်ဘေးနီးယား (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၂ ရက် နံနက် ၁:၁၅ နာရီ)
ယူကရိန်း - ဂျော်ဂျီယာ* (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၂ ရက် နံနက် ၁:၁၅ နာရီ)
အိုက်စလန် - ဝေးလ်စ်* (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၂ ရက် နံနက် ၁:၁၅ နာရီ)
*တူရကီ - မွန်တီနီဂရိုး (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၂ ရက် နံနက် ၁:၁၅ နာရီ)