ထိပ်တန်းအသင်းတွင် ကစားလိုကြောင်း လီဗာပူးလ်ပစ်မှတ်ထားနေသည့်  ဘိုလော့ဂ်နာတောင်ပံကစားသမား နိုယီ ဝန်ခံ

ထိပ်တန်းအသင်းတွင် ကစားလိုကြောင်း လီဗာပူးလ်ပစ်မှတ်ထားနေသည့်  ဘိုလော့ဂ်နာတောင်ပံကစားသမား နိုယီ ဝန်ခံ
Photo: Bologna FC
Photo: Bologna FC
Published 12 October 2024

 

လီဗာပူးလ်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားခြင်းခံနေရသည့် ဘိုလော့ဂ်နာတောင်ပံကစားသမား နိုယီက မိမိအနေဖြင့် ထိပ်တန်းအသင်းတွင် ကစားလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

ဆွစ်ဇာလန်လက်ရွေးစင် နိုယီ(၂၃ နှစ်)သည် တောင်ပံတိုက်စစ်တွင်သာမက တောင်ပံခံစစ်နေရာတွင်လည်း ကစားနိုင်သလို တိုက်စစ်မှူးအဖြစ်ပါ ကစားနိုင်သူဖြစ်ကြောင်း သိရှိရသည်။ 

နိုယီက "ကျွန်တော့်အနေနဲ့ ကမ္ဘာ့ထိပ်တန်းအသင်းကြီးတွေမှာ ကစားဖို့အတွက် အစွမ်းကုန်ကြိုးစားနေပါတယ်။ ထိပ်တန်းအသင်းကြီးတွေမှာ ကစားဖို့ ကျွန်တော့်မှာ အရည်အချင်းရှိတယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော့်အတွက် ကန့်သတ်ချက် မရှိပါဘူး"ဟု ပြောကြားခဲ့သည်။ 

နိုယီအား လီဗာပူးလ်အပြင် မန်ယူအသင်းကလည်း ခေါ်ယူလိုနေကြောင်း သိရသည်။ နိုယီသည် ယခုရာသီတွင် ဘိုလော့ဂ်နာအသင်းအတွက် စီးရီးအေ ၅ ပွဲ နှင့် ချန်ပီယံလိဂ် ၂ ပွဲ ကစားထားသူဖြစ်သည်။

Most Read

Most Recent