စတမ်းဖို့ဒ်ဘရစ်ချ်သို့ စိတ်လှုပ်ရှားဖွယ်ရာများ ယူဆောင်ပေးလိုသည်ဟု မန်ယူမှ အငှားဖြင့် ပြောင်းရွှေ့လာသည့် ဆန်ချို ပြောကြား

စတမ်းဖို့ဒ်ဘရစ်ချ်သို့ စိတ်လှုပ်ရှားဖွယ်ရာများ ယူဆောင်ပေးလိုသည်ဟု မန်ယူမှ အငှားဖြင့် ပြောင်းရွှေ့လာသည့် ဆန်ချို ပြောကြား
Photo: X
Photo: X
Published 2 September 2024

 

မန်ယူအသင်းမှ ချယ်လ်ဆီးသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည့် အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုက စတမ်းဖို့ဒ်ဘရစ်ချ် သို့ စိတ်လှုပ်ရှားဖွယ်ရာများ ယူဆောင်ပေးလိုသည်ဟု ပြောကြားခဲ့သည်။

ဆန်ချို(၂၄ နှစ်)သည် နည်းပြ တန်ဟက်ဂ်နှင့် ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့သည့်အတွက် မန်ယူအသင်းနှင့် လမ်းခွဲရသည့်အခြေအနေသို့ ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် အငှားစာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ဆန်ချိုကို ပေါင် သန်း(၂၀)ဝန်းကျင်ဖြင့် အပြီးသတ်ခေါ်ယူနိုင်မည့် သဘောတူညီမှုလည်း ရယူခဲ့ကြောင်း သိရသည်။ 

ယင်းအချိန်၌ နှစ်ရှည်စာချုပ်ချုပ်ဆိုဖွယ်ရှိသည့်အတွက် ဆန်ချိုက ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်းလည်း သိရသည်။ ချယ်လ်ဆီးအသင်းနှင့် ပထမဆုံးအင်တာဗျူးအစီအစဉ်တွင် ဆန်ချိုက "ဒရော့ဘာနဲ့ လမ်းပတ်တို့က ကျွန်တော်အားကျခဲ့ရတဲ့ ကစားသမားတွေ ဖြစ်ခဲ့ပါတယ်။ သူတို့လိုမျိုး ဒီအသင်းအတွက် ကစားခွင့်ရခဲ့တဲ့ ခံစားမှုက အရမ်းကောင်းပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် နည်းပြ မာရက်စကာနှင့် ပတ်သက်၍လည်း "မန်စီးတီးမှာကတည်းက သူ့ကို သိခဲ့တာပါ။ သူ့ရဲ့ စီမံကိန်းအကြောင်း  ဖုန်းဆက်ပြောခဲ့ပါတယ်။ စိတ်လှုပ်ရှားစရာပါပဲ။ ကျွန်တော်လည်း စတမ်းဖို့ဒ်ဘရစ်ချ်ဆီ စိတ်လှုပ်ရှားဖွယ်ရာတွေ ယူဆောင်ပေးချင်ပါတယ်"ဟု ဆိုခဲ့သည်။

Most Read

Most Recent