နာပိုလီအသင်း၏ လူစာရင်းမှ အိုဆင်မန်ကို ချန်လှပ်ထားပြီး လူကာကူအား နံပါတ် ၉ ဝတ်ခွင့်ပြု

နာပိုလီအသင်း၏ လူစာရင်းမှ အိုဆင်မန်ကို ချန်လှပ်ထားပြီး လူကာကူအား နံပါတ် ၉ ဝတ်ခွင့်ပြု
Photo: X
Photo: X
Published 2 September 2024

 

နာပိုလီအသင်းသည် ၂၀၂၄-၂၀၂၅ ရာသီ စီးရီးအေပြိုင်ပွဲယှဉ်ပြိုင်မည့် လူစာရင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး ဗစ်တာအိုဆင်မန်ကို ချန်လှပ်ထားပြီး ၎င်း၏နံပါတ် ၉ အကျႌအား အသစ်ရောက်ရှိလာသည့် ဘယ်လ်ဂျီယံတိုက်စစ်မှူး ရိုမီလူလူကာကူကို ဝတ်ဆင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အသက် ၂၅ နှစ်ရှိပြီဖြစ်သူ အိုဆင်မန် သည် ယခုနွေရာသီကာလတွင် နာပိုလီ အသင်းမှ ပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေဘဲ အပြောင်းအရွှေ့ပိတ်ချိန်အထိ အသင်း၌ ဆက်ရှိနေဆဲဖြစ်သည်။ အိုဆင်မန်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် စာချုပ်လျော်ကြေး ယူရိုသန်း ၁၃၀ ထည့်သွင်းထားသည့် ၂၀၂၆ ခုနှစ်အထိဆက်ရှိနေမည့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်။ 

၎င်းသည် အပြောင်းအရွှေ့နောက်ဆုံးရက်တွင် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် ဆွေးနွေးခဲ့သော်လည်း လစာညှိနှိုင်းမှု အဆင်မပြေသလို ဆော်ဒီကလပ် အယ်လ်အာလီအသင်းမှာလည်း ဘရန့်ဖို့ဒ်အသင်းမှ အိုင်ဗန်တိုနေးကို ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူခဲ့သည်။

သို့ဖြစ်ရာ နာပိုလီအသင်းက စီးရီးအေ ပြိုင်ပွဲယှဉ်ပြိုင်မည့် ကစားသမား ၂၃ ဦးစာရင်းမှ အိုဆင်မန်ကို ချန်လှပ်ခဲ့ခြင်းဖြစ်ပြီး နံပါတ် ၉ကိုလည်း လူကာကူအား လွှဲပြောင်းဝတ်ဆင်ခွင့်ပြုခဲ့သည်။ အိုဆင်မန်သည် နာပိုလီအသင်း၏ ဂိုးအများဆုံးကစားသမားအဖြစ် နောက်ဆုံးသုံးရာသီဆက် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

Most Read

Most Recent