အသင်းလက်မဲ့ဖြစ်နေသည့် ရာဘီယူအား ခေါ်ယူရန် လီဗာပူးလ်အသင်း စိတ်ဝင်စား

အသင်းလက်မဲ့ဖြစ်နေသည့် ရာဘီယူအား ခေါ်ယူရန် လီဗာပူးလ်အသင်း စိတ်ဝင်စား
Photo: Shutterstock
Photo: Shutterstock
Published 22 August 2024

လီဗာပူးလ်အသင်းသည် ဂျူဗင်တပ်စ်အသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် ပြင်သစ်ကွင်းလယ်ကစားသမား ရာဘီယူအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

ရာဘီယူ (၂၉ နှစ်)သည် ပြီးခဲ့သည့်ရာသီကုန်တွင် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် စာချုပ်သစ် ထပ်မချုပ်ဘဲ လမ်းခွဲခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသည့် ရာဘီယူအား ခေါ်ယူရန် ဘိုင်ယန်မြူးနစ်နှင့် လီဗာပူးလ်အသင်းတို့က စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ကွင်းလယ်အဖျက်ကစားသမားတစ်ဦး ခေါ်ယူရန် စီစဉ်နေပြီး ဇူဘီမန်ဒီအား ခေါ်ယူရန် ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ယခုအခါ ရာဘီယူအား ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်သည်။ 

ရာဘီယူသည် အသင်းသစ်တွင် တစ်နှစ်လစာယူရို(၇.၅)သန်းဝန်းကျင်ရရှိရန် လိုလားနေကြောင်း သိရသည်။

Most Read

Most Recent