စစ်ကိုင်းမြို့ ဘော်ဂါရပ် ယခင် ကျောက်ဝိုင်းအနီးရှိ  မိုတယ်တစ်ခုတွင် ဓားပြတိုက်မှုဖြစ်ပွား

စစ်ကိုင်းမြို့ ဘော်ဂါရပ် ယခင် ကျောက်ဝိုင်းအနီးရှိ  မိုတယ်တစ်ခုတွင် ဓားပြတိုက်မှုဖြစ်ပွား
Published 22 August 2024

စစ်ကိုင်းမြို့ ဘော်ဂါရပ်ရှိ မိုတယ်တစ်ခုတွင် ဓားပြတိုက်မှုတစ်ခု သြဂုတ် ၂၀ ရက် ညပိုင်းကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းမြို့ ငါးထပ်ကြီး ဘုရားလမ်း ဘော်ဂါရပ်ကွက် ယခင် ကျောက်ဝိုင်းအနီးရှိ မိုတယ်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ မိုတယ်မှာ ကျောက်စိမ်း အရောင်းအဝယ်ဖြင့် လာရောက်သည့် တရုတ် နိုင်ငံသား အများစု တည်းခိုလေ့ရှိကြောင်း သိရသည် ။

“ည ၈ နာရီခွဲ ၉ နာရီဝန်းကျင်လောက် ဖြစ်သွားတာ။ အဲ့ချိန် မိုတယ်မှာ တည်းနေတဲ့  တရုတ်နိုင်ငံသားက ၃၀ ကျော် ၄၀ နီးပါး လောက် ရှိတာတဲ့ ။ သူတို့ထဲက ကျောက်တွေ ရော မြန်မာငွေရော တရုတ်ငွေတွေရော အ ကုန် ပါသွားတယ်တဲ့။ တရုတ် ဝယ်လက် တစ်ယောက်ထဲတင် ငွေသား သိန်းထောင်ချီနဲ့ ကျောက်တွေလည်း ပါသွားတာတဲ့ ။ တရုတ် ကုန်သည် အယောက် ၃၀ ကျော် အကုန်လုံး ပေါင်းဆို သိန်း သောင်းချီထက်မနည်း ရှိနိုင် တယ် “ ဟု ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်သူ မြို့ခံတစ်ဦးက ပြောကြားသည် ။

“ဧည့်စာရင်းစစ်ဖို့ဆိုပြီး ဝင်လာပြီး လုပ် သွားတာလို့ ပြောကြတာပဲ ။ သေချာ ဂဃနဏ တော့ မသိရဘူး “ဟု ကျောက်စိမ်းလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

ယင်းသို့ ကျူးလွန်သူများမှာ မိုတယ်ရှိ CCTV မှတ်တမ်းများကိုလည်း ဖျက်ဆီးသွား ခဲ့ကြောင်း သိရသည် ။ 

စစ်ကိုင်းမြို့ပေါ်တွင် ယခုနောက်ပိုင်း ယင်းကဲ့သို့ အနုကြမ်းစီး ဓား ပြတိုက်မှု ဖြစ်စဉ်အချို့  မကြာခဏ ဖြစ်ပွား လျက်ရှိသည်ဟု  မြို့ခံများထံမှ သိရသည်။

Most Read

Most Recent