အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ရေးဆွဲနေ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ရေးဆွဲနေ
Published 22 August 2024

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်း အဝေးကို သြဂုတ် ၂၁ ရက်  တွင် နေပြည်တော် ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည် ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက် တာထိန်လင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်တိုးရီ၊ ဥပဒေမူကြမ်း စိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ပြည် ထောင် စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အ ဖွင့်အမှာစကားပြောကြားပြီး ပြည်ထဲရေး ဝန် ကြီးဌာန ဒုတိယဝန်ကြီးက ငွေကြေး ဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF)က ထုတ်ပြန် သည့် မြန်မာနိုင်ငံက ဆောင်ရွက်ရမည့် အ ချက်တစ်ချက်ဖြစ်သည့် ဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုနှင့် စပ်လျဉ်းသည့်အချက်ကို အ ကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအ တွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ (မူ ကြမ်း)ရေးဆွဲခဲ့ကြောင်း၊ ဤပြင်ဆင်သည ် ဥပဒေကို ပြဋ္ဌာန်းနိုင်ပါက ငွေကြေးဆိုင်ရာအ ရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF)ထုတ်ပြန် ချက်တစ်ချက်ကို ဆောင်ရွက်အကောင်အထည်ဖော်နိုင်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်မှုကို ပြသနိုင်ခြင်းဖြင့် Counter Measure စာရင်းသို့ ထည့်သွင်းမည့် အပေါ်ကျော်လွှားနိုင်ရေးအတွက် အထောက် အကူပြုမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့ နေချုပ် ဦးဆောင်သောအဖွဲ့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင် ဆင်သည့်ဥပဒေ(မူကြမ်း)သည် နိုင်ငံတော် အတွက်ပြဋ္ဌာန်းရန် လိုအပ်သောဥပဒေဖြစ် ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ပြဋ္ဌာန်းနိုင် ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent