■ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများက ဘဏ်များတွင် ငွေသား အပ်နှံထားသော Special Account များနှင့်စပ်လျဉ်း၍ ငွေသားပြန်လည်ထုတ်ယူခြင်းအတွက် ကန့်သတ်ချက်မရှိ ပြန်လည်ထုတ်ယူခွင့်ပြုထား

■ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများက ဘဏ်များတွင် ငွေသား အပ်နှံထားသော Special Account များနှင့်စပ်လျဉ်း၍ ငွေသားပြန်လည်ထုတ်ယူခြင်းအတွက် ကန့်သတ်ချက်မရှိ ပြန်လည်ထုတ်ယူခွင့်ပြုထား
Published 9 July 2024

စီးပွားရေးလုပ်ငန်း/အဖွဲ့အစည်းများက ဘဏ်များတွင် ငွေသားအပ်နှံထားသော Special Account များနှင့်စပ်လျဉ်း၍ ငွေသားပြန်လည်ထုတ်ယူခြင်းအတွက် ကန့်သတ်ချက်မရှိ ပြန်လည် ထုတ်ယူခွင့်ပြုထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြောကြားသည်။ 

ပြည်ပရောက် Exile မီဒီယာများ ဖော်ပြ‌နေမှုနှင့် ပြည်တွင်းရှိ လုပ်ငန်းရှင်အချို့၏ ပြောကြားချက်အရ special account များမှ ကျပ် ၁၀ သိန်း မှ သိန်း ၂၀ သာ ထုတ်ယူ၍ရတော့သည်ဆိုသော ဖြစ်စဉ်နှင့်ပတ်သက်၍ မှန်ကန်မှု ရှိ/မရှိ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ဗဟိုဘဏ်က အထက်ပါအတိုင်းထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

စီးပွားရေးလုပ်ငန်း/အဖွဲ့အစည်းများက ဘဏ်များတွင် ငွေသားအပ်နှံထည့်သွင်းထားသော ဘဏ်စာရင်းသစ်( Special Account) များနှင့်စပ်လျဉ်း၍ ငွေသားပြန်လည်ထုတ်ယူခြင်းအတွက် အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိ ပြန်လည်ထုတ်ယူခွင့်ပြုပြီးဖြစ်ကြောင်း ဗဟိုဘဏ်က ပြောကြားသည်။ 

ထို့အပြင် ဘဏ်တစ်ခုအတွင်းရှိ ငွေစာရင်းများအချင်းချင်းအကြား ငွေစာရင်းလွှဲပြောင်းခြင်း(Account Transfer)ကို ပိုမိုအသုံးပြုရန်နှင့် ငွေသားထုတ်ယူခြင်းများကို မဖြစ်မနေကိစ္စရပ်များအတွက်သာ ထုတ်ယူရန် အများပြည်သူသို့ ပန်ကြားထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်က ပြောကြားသည်။

 

Most Read

Most Recent