အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဆောက်ဂိတ်ကို ဘောလုံးသုံးသပ်သူအဖြစ် မြင်တွေ့ရဖွယ်ရှိနေပြီး BBC နှင့် ITV တို့ အပြိုင်ကြိုးပမ်းနေ

အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဆောက်ဂိတ်ကို ဘောလုံးသုံးသပ်သူအဖြစ် မြင်တွေ့ရဖွယ်ရှိနေပြီး BBC နှင့် ITV တို့ အပြိုင်ကြိုးပမ်းနေ
Photo: The Independent
Photo: The Independent
Published 29 July 2024

 

ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးတွင် အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြရာထူးမှ နုတ်ထွက်ခဲ့သော ဆောက်ဂိတ်ကို ဘောလုံးသုံးသပ်သူအဖြစ် မြင်တွေ့ရဖွယ်ရှိကြောင်း သိရသည်။

ဆောက်ဂိတ်(၅၃ နှစ်)သည် အင်္ဂလန်အသင်းကို ယူရိုပြိုင်ပွဲနှစ်ကြိမ်ဆက် ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့သော်လည်း ချန်ပီယံဆု ရယူပေးနိုင်ခြင်းမရှိသောကြောင့် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ 

ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြဘဝသို့ ကူးပြောင်းချိန်တွင် မစ်ဒယ်ဘရော့အသင်းကို ကိုင်တွယ်ခဲ့ဖူးသော ဆောက်ဂိတ်သည် ကလပ်အသင်းနည်းပြလောကသို့ ဝင်ရောက်ရန် ဆန္ဒရှိနေကြောင်းလည်း သတင်းထွက်ခဲ့ဖူးသည်။ ၎င်းအနေဖြင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတစ်သင်းကို ကိုင်တွယ်ခွင့်ရနိုင်ကြောင်းလည်း ထင်ကြေးပေးခံခဲ့ရသည်။

သို့သော် လက်ရှိအချိန်အထိ ကလပ်အသင်းများနှင့် သတင်းထွက်လာခြင်းမရှိခဲ့ဘဲ BBC နှင့် ITV တို့က ဘောလုံးသုံးသပ်သူအဖြစ် ကမ်းလှမ်းရန် စီစဉ်နေကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

BBC က ယူရိုပြိုင်ပွဲကာလ၌ ၎င်းကို ပြင်းထန်စွာဝေဖန်ခဲ့သည့် ဂယ်ရီလိုင်နီကာနှင့် Match of the Day အစီအစဉ်၌ တွဲဖက်ပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ ITV က ၎င်းကို အစောပိုင်းကတည်းက ချိန်ရွယ်နေခြင်းဖြစ်သည်။

Most Read

Most Recent