■ ၂၀၂၄ Golden Boy ဆုအတွက် ကစားသမား(၁၀၀)ဦးစာရင်း ထုတ်ပြန်ခဲ့ပြီး ယမားလ် ရေပန်းစားနေ     

■ ၂၀၂၄ Golden Boy ဆုအတွက် ကစားသမား(၁၀၀)ဦးစာရင်း ထုတ်ပြန်ခဲ့ပြီး ယမားလ် ရေပန်းစားနေ     
Photo: Getty Images
Photo: Getty Images
Published 7 June 2024

၂၀၂၄ Golden Boy ဆုအတွက် ကစားသမား(၁၀၀)ဦးစာရင်း ထုတ်ပြန်ခဲ့ပြီး ဘာစီလိုနာတောင်ပံကစားသမား ယမားလ်က ဆုရရှိရန် ရေ ပန်းစားနေကြောင်း သိရသည်။

    

Golden Boy ဆုကို နာမည်ကျော် အီတလီအားကစားသတင်းစာ Tuttosport က ကြီးမှူးချီးမြှင့်ခြင်းဖြစ်ပြီး ဥရောပတစ်လွှားမှ အားကစား သတင်းစာများမှ ဂျာနယ်လစ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။ 

Golden Boy ဆုအတွက် အကျုံးဝင်သော ကစားသမားမှာ ဥရောပနိုင်ငံများမှ အဆင့်အမြင့် ဆုံးလိဂ်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ကစားနေသော အသက်(၂၁)နှစ် အောက် ကစားသမားများဖြစ်ကြောင်း သိရသည်။ 

Golden Boy ဆုကို ၂၀၀၃ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ ပြီး ဒေါ့မွန်၊ မန်ယူနှင့် ဒေါ့မွန်အသင်းတို့မှ ကစားသမား(၃)ဦးစီဆုရရှိကာ အများဆုံးအဖြစ် ဦးဆောင်နေ ကြောင်း သိရသည်။

    

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ဒေါ့မွန်မှ ရီးယဲလ်သို့ ပြောင်းရွှေ့ခဲ့သည့် အင်္ဂလန်ကစားသမား ဘယ်လင်ဟမ် ရရှိခဲ့ပြီး ယခုနှစ်တွင် ဘာစီလိုနာကစားသမား ယမားလ်က ရေပန်းအစား ဆုံးဖြစ်နေသည်။ 

ယမားလ်သည် ပြီးခဲ့သည့်ရာသီတွင် ဘာစီလိုနာအ သင်းအတွက် ပြိုင်ပွဲစုံပွဲ(၅၀)ကစားကာ (၇)ဂိုး သွင်းယူနိုင်ခဲ့သူဖြစ်သည်။ 

ယမားလ်နှင့် အပြိုင်လုရမည့်သူများအဖြစ် နေဗက်စ်(ဘင်ဖီကာ)၊ ဂါနာချို(မန်ယူ)၊ ဇိုင်ရီအမ်မရီ(PSG)၊ ယိုရို(လိုင်လီ)၊ ဆာဗီယို(ဂျီရိုနာ)၊ မိန်နူး (မန်ယူ)၊ ကူဘာဆီ(ဘာစီလိုနာ)၊ ပါဗလိုဗစ်(ဘိုင်ယန်မြူးနစ်)တို့ သတ်မှတ်ခံထားရသည်။

Most Read