နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဘိုင်ယန်မြူးနစ်နောက်တန်းကို ကွန်ပနီ အဓိကထား ပြင်ဆင်မည်

နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဘိုင်ယန်မြူးနစ်နောက်တန်းကို ကွန်ပနီ အဓိကထား ပြင်ဆင်မည်
Photo: Sky Sports
Photo: Sky Sports
Published 15 June 2024

 

ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ် ဗင်းဆင့်ကွန်ပနီသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းနောက်တန်းကို အဓိကထား ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း ကွန်ပနီသည် ပြီးခဲ့သည့်မေလကုန်ပိုင်းက ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ်အဖြစ် သုံးနှစ် စာချုပ်ဖြင့် ခန့်အပ်ခံရခြင်းဖြစ်သည်။ 

ကွန်ပနီ အနေဖြင့် အင်္ဂလန်နောက်ခံလူများကို ဘိုင်ယန်မြူးနစ်အသင်းသို့ ခေါ်ယူရန် ပစ်မှတ်ထားနေပြီး လီဗာပူးလ်နောက်ခံလူ ဂျိုးဂိုးမက်ဇ်နှင့် ချယ်လ်ဆီးနောက်ခံလူ ကော်ဝဲလ်တို့ကို စိတ်ဝင်စားလျက်ရှိသည်။ 

ဂျိုးဂိုးမက်ဇ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကမှ အသင်းနှင့် ငါးနှစ်စာချုပ် ချုပ်ဆိုထားသောကြောင့် စာချုပ်သက်တမ်း သုံးနှစ် ကျန်ရှိနေသေးပြီး ချယ်လ်ဆီးအသင်းမှာလည်း လူငယ်နောက်ခံလူ ကော်ဝဲလ်ကို ယခုအခြေအနေတွင် ရောင်းချရန် ဆန္ဒမရှိကြောင်း သိရသည်။ 

ဘိုင်ယန်မြူးနစ်အသင်း၏ နောက်ဆုံးပစ်မှတ်မှာ ပြိုင်ဘက် လေဗာကူဆင်အသင်း၏ နောက်ခံလူ တီအာဟာဖြစ်ပြီး ၎င်းကိုလည်း အရခေါ်ယူရန် ဖြစ်နိုင်ခြေမှာမူ နည်းပါးလွန်းလျက်ရှိသည်။

Most Read

Most Recent