လက်စတာနှင့် ချယ်လ်ဆီး ဖိအားချင်း နှိုင်းယှဉ်၍မရနိုင်ဟု မာရက်စကာကို ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာ သတိပေး

လက်စတာနှင့် ချယ်လ်ဆီး ဖိအားချင်း နှိုင်းယှဉ်၍မရနိုင်ဟု မာရက်စကာကို ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာ သတိပေး
Photo: Metro
Photo: Metro
Published 29 July 2024

 

ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာက ချယ်လ်ဆီးနည်းပြ မာရက်စကာအား လက်စတာနှင့် ချယ်လ်ဆီး ဖိအားချင်း နှိုင်းယှဉ်၍မရနိုင်ဟု သတိပေးခဲ့ကြောင်း သိရသည်။ 

ဘရန်ဒန်ရော်ဂျာသည် ချယ်လ်ဆီးအရန်အသင်းကို ကိုင်တွယ်ခဲ့ဖူးသလို၊ လက်စတာအသင်းကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။ 

ထို့ကြောင့် ၎င်းက "အန်ဇိုက လက်စတာအသင်းမှာ အလွန့်အလွန်ကောင်းမွန်စွာ လုပ်ဆောင်ပြခဲ့ပြီးမှ ချယ်လ်ဆီးကို ရောက်လာတာပါ။ ဒါပေမဲ့ ချယ်လ်ဆီးက လုံးဝကွဲပြားခြားနားတဲ့ စိန်ခေါ်မှုတစ်ခုပါ။ ချယ်လ်ဆီးအသင်းရဲ့ ပတ်ပတ်လည်မှာရှိနေတဲ့ မျှော်လင့်ခြင်းက ကမ္ဘာ့အအောင်မြင်ဆုံးအသင်းတွေထဲက တစ်သင်း ဖြစ်လာဖို့ပါ။ သူတို့မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားတချို့ရှိနေပြီး အန်ဇိုအတွက်လည်း တကယ်ကောင်းတဲ့ အလုပ်တစ်ခု ဖြစ်လာမှာပါ။ ကစားသမားတွေကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ဖြစ်လာအောင် သိမ်းသွင်းနိုင်ဖို့က သူ့အတွက် ပထမဆုံးတာဝန် ဖြစ်လာပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent