၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်
Photo: Premier League
Photo: Premier League
Published 1 July 2024

ဘိုလစ်ဗီးယား နှင့် ပနားမား (မြန်မာစံတော်ချိန် အင်္ဂါနံနက် ရး၃၀ နာရီ)

နောက်တစ်ဆင့်တက်ဖို့ အရေးပါတဲ့ပွဲမှာ အုပ်စုအောက်ဆုံးနေရာက ဘိုလစ်ဗီးယားနဲ့ တွေ့ဆုံရတာ ပနားမားအတွက်တော့ ကံကောင်းတယ်လို့ ပြောရမယ်။ ဘိုလစ်ဗီးယားအသင်းက ဂိုးအလှူပေးနေပြီး နှစ်ပွဲမှာ ခုနစ်ဂိုးအထိပေးထားရသလို တစ်ဂိုးမှ ပြန်မသွင်းနိုင်သေးဘူး။ အနိုင်ရဖို့အပြင် ဂိုးများများသွင်းနိုင်ဖို့လည်း လိုအပ်လို့ ပနားမားအသင်း ဂိုးပြတ်နိုင်ပွဲရယူမှာပါ။

အမေရိကန် နှင့် ဥရုဂွေး (မြန်မာစံတော်ချိန် အင်္ဂါနံနက် ရး၃၀ နာရီ)

အုပ်စုဒုတိယပွဲမှာ ပနားမားကို ရှုံးနိမ့်ခဲ့တာကြောင့် ဒီပွဲက အိမ်ရှင်အမေရိကန်အတွက် သေရေးရှင်ရေးလို အရေးကြီးနေပါပြီ။ ဥရုဂွေးအသင်းက ဘီယဲလ်ဆာလက်ထက်မှာ အကောင်းဆုံးပုံစံရနေပြီး တိုက်စစ်က နှစ်ပွဲမှာ ရှစ်ဂိုးအထိ သွင်းယူထားနိုင်သလို နေရာစုံမှာ ဂိုးသွင်းမယ့်သူ တွေရှိနေတာ အားသာချက်ပါ။ ဥရုဂွေးအနေနဲ့ ဘယ်အသင်းကို နောက်တစ်ဆင့်ခေါ်သွားမလဲဆိုတာက အဆုံးအဖြတ်ပါပဲ။ အမေရိကန်အသင်း သရေလောက်ပဲ မျှော်လင့်သင့်တယ်။

Most Read

Most Recent