■ ဝက်စ်ဟမ်းကို ကိုင်တွယ်ခွင့်ရသည့် ပျော်ရွှင်ကြောင်း လိုပယ်တယ်ဟီ ပြောကြား     

■ ဝက်စ်ဟမ်းကို ကိုင်တွယ်ခွင့်ရသည့် ပျော်ရွှင်ကြောင်း လိုပယ်တယ်ဟီ ပြောကြား     
Photo: West Ham
Photo: West Ham
Published 24 May 2024

ဝက်စ်ဟမ်းအသင်းနည်းပြသစ် လိုပယ်တယ်ဟီက အသင်းကို ကိုင်တွယ်ခွင့်ရသည့်အတွက် ပျော်ရွှင်ကြောင်း ပြောကြားခဲ့သည်။ 

    

ဝက်စ်ဟမ်းအသင်းသည် စကော့တလန်နည်းပြ ဒေးဗစ်မွိုက်စ်နှင့် လမ်းခွဲခဲ့ပြီးနောက် ဝုလ်ဗ်နည်းပြဟောင်း လိုပယ်တယ်ဟီကို နည်းပြသစ်အဖြစ် ပြောင်းလဲခန့် အပ်ခဲ့ခြင်းဖြစ်သည်။ 

လိုပယ်တယ်ဟီ (၅၇ နှစ်)သည် ဗယ်လက်ကာနို၊ ပေါ်တို၊ ရီးယဲလ်မက်ဒရစ်၊ ဆီဗီလာ၊ ဝုလ်ဗ် စသည့် ကလပ်အသင်းများစွာအပြင် စပိန်လက်ရွေးစင်အသင်းကိုပါ ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ဆီဗီလာအသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့သူဖြစ်သည်။ 

ဝက်စ်ဟမ်းအသင်းသည်  လိုပယ်တယ်ဟီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် မေလဆန်းပိုင်းကတည်းက သဘောတူညီမှု ရရှိထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ တရားဝင်ကြေညာခဲ့ခြင်းဖြစ်သည်။   

"ကျွန်တော် အရမ်းပျော်ပါတယ်။ ဝက်စ်ဟမ်းလိုအသင်းကြီးတစ်သင်းက ကျွန်တော့်ကို ရွေးချယ်ခဲ့တဲ့အတွက် အရမ်းပျော်ရွှင်ပါတယ်"ဟု လိုပယ်တယ်ဟီက ပြောကြားခဲ့သည်။

ဝက်စ်ဟမ်းအသင်းက စာချုပ်သက်တမ်းအသေးစိတ်ကို ကြေညာခြင်းမရှိသော်လည်း လိုပယ်တယ်ဟီကို (၂)နှစ်စာချုပ်ချုပ် ဆိုရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ထပ်မံ သက်တမ်းတိုးနိုင်သည့် သဘောတူညီမှု ပါဝင်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

Most Read

Most Recent