၂၀၂၄ ကိုပါအမေရိက အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

၂၀၂၄ ကိုပါအမေရိက အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Copa America
Photo: Copa America
Published 23 June 2024

အမေရိကန် - ဘိုလစ်ဗီးယား (တနင်္လာနံနက် ၄း၃၀ နာရီ)

အမေရိကန်အသင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မယ့် ကိုပါအမေရိကပြိုင်ပွဲအတွက် သေချာပြင်ဆင်ထားတယ်။ ဘရာဇီးလ်ကို သရေခံကစားနိုင်ခဲ့တာကို အသိအမှတ်ပြုရမှာ ဖြစ်ပေမဲ့ ကိုလံဘီယာနဲ့ပွဲကတော့ အမေရိကန်အသင်းရဲ့အ ခြေအနေကို ခန့်မှန်းလို့ရနေတယ်။ ပူလီဆစ်အပါအဝင် နာမည် ကျော်ကစားသမားတွေရှိပေမဲ့ အသင်းလိုက်စုစည်းမှုပိုင်း ပြ ဿနာရှိတယ်။ ဘိုလစ်ဗီးယားကတော့ အသင်းအနေအထားက တော်တော်ယိုင်နေတာ တွေ့ရတယ်။ အမေရိကန်အသင်းပဲ ကြိုက်တယ်။

ဥရုဂွေး - ပနားမား (တနင်္လာနံနက် ရး၃၀ နာရီ)

ဥရုဂွေးအသင်းက နောက်ဆုံးခြေစမ်းပွဲမှာ မက္ကဆီကိုအ သင်းကို ဂိုးပြတ်အနိုင်ကစားထားတယ်။ ဒီအနေအထားက  ကိုပါ အမေရိကချန်ပီယံရေပန်းစားမှုမှာ အာဂျင်တီးနား၊ ဘရာ ဇီးလ်အသင်းတွေနောက် ဥရုဂွေးကို ဘာကြောင့်နေရာချထား ရသလဲဆိုတာ သက်သေပြပါပဲ။ အာဂျင်တီးနားနာမည်ကျော် နည်းပြ ဘီယဲလ်ဆာ ကိုင်တွယ်နေတဲ့ ဥရုဂွေးအသင်းက ကစား သမားအင်အားလည်း အတော်တောင့်ပါတယ်။ ပြဿနာဖြစ် လာနိုင်တာက တိုက်စစ်မှာ ဆွာရက်ဇ်နဲ့ နူးနက်ဇ်တို့ကို ဘယ် လိုတွဲဖက်ကစားစေမလဲပဲဖြစ်တယ်။ ပနားမားအသင်းကတော့ ပြီးခဲ့တဲ့နှစ် Gold Cup ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက် ထားတဲ့အသင်း ဖြစ်ပါတယ်။ ဥရုဂွေးအသင်းကိုပဲ ရွေးချယ်တာ ပိုကောင်းမယ်။

Most Read

Most Recent