၂၀၂၆ ကမ္ဘာ့ဖလား  တောင်အမေရိကဇုန်ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်

၂၀၂၆ ကမ္ဘာ့ဖလား  တောင်အမေရိကဇုန်ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 5 September 2024

ဘိုလစ်ဗီးယား နှင့် ဗင်နီဇွဲလား (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ပြီးခဲ့တဲ့နှစ်အပိုင်းအခြားကာလက ဒီနှစ်သင်းအကြား ခြားနားချက်သိပ်မရှိပေမဲ့ လက်ရှိအခြေအနေမှာတော့ ဗင်နီဇွဲလားအသင်းက သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ဖို့တောင် မျှော်လင့်လို့ရနေပြီ။ ဗင်နီ ဇွဲလားက ဘရာဇီးလ်ကို အဝေးကွင်းမှာ သရေကစားခဲ့တဲ့ပွဲအပါအဝင် ခြေစစ်ပွဲ(၅)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားထားခဲ့တယ်။ ဘိုလစ်ဗီးယားအသင်းမှာ အိမ်ကွင်းအားသာချက်ရှိတာတစ်ခုပဲ ဗင်နီဇွဲလားတို့ သတိထားကစားရလိမ့်မယ်။ ကျန်တဲ့အပိုင်းမှာတော့ ဗင်နီဇွဲလား သာပါတယ်။ ဗင်နီဇွဲလား အမှတ်ရလိမ့်မယ်။

အာဂျင်တီးနား နှင့် ချီလီ (မြန်မာစံတော်ချိန် သောကြာနံနက် ၆း၃၀ နာရီ)

အာဂျင်တီးနားအသင်းမှာ အသင်းခေါင်းဆောင် မက်ဆီ ဒဏ်ရာကြောင့် မပါဝင်သလို၊ ဒီမာရီယာလည်း အနားယူသွားခဲ့ပါပြီ။ တိုက်စစ်မှာ လော်တာရိုမာတီနက်ဇ်က ဦးဆောင်လာနိုင်ပြီး တောင်ပံတွေမှာတော့ အယ်လ်ဗာရက်ဇ်၊ နီကိုးလက်စ်ဂွန်ဇာလက်ဇ်တို့ ပွဲထွက်ခွင့်ရနိုင်တယ်။ အသင်းလူစာရင်းမှာ ဒီဘားလား ပြန်ရွေးချယ်ခံထားရပေမဲ့ ဂါနာချိုနဲ့အတူ အရန်ခုံပဲ ထိုင်ရဖို့များတယ်။ အာဂျင်တီးနားအနေနဲ့ ချီလီအသင်းကို နောက်ဆုံးတွေ့ဆုံမှု(၁၀)ပွဲမှာ (၁)ပွဲသာ အရေးနိမ့်ခဲ့ပေမဲ့ ဂိုးပြတ်နိုင်တဲ့ပွဲ လုံးဝမရှိခဲ့ပါဘူး။ ဒီပွဲလည်း အာဂျင်တီးနားအသင်း အနည်းနဲ့ အများ ရုန်းကန်ရနိုင်ပေမဲ့ ဘရာဗို၊ အလက်ဆစ်ဆန်းချက်ဇ်တို့ မပါဝင်တဲ့ ချီလီအသင်းက အားနည်းနေလို့ အဝေးကွင်းမှာ ဒုက္ခပေးနိုင်လောက်တဲ့ အနေအထားမျိုး မရှိပါဘူး။ အာဂျင်တီးနားဘက်ကပဲ ရပ်တည်သင့်တယ်။

Most Read

Most Recent