ဘာစီလိုနာနဲ့ လာမာစီယာစွမ်းအင်များ

ဘာစီလိုနာနဲ့ လာမာစီယာစွမ်းအင်များ
Photos: X
Photos: X
Published 14 September 2024
Phoe Thar

လက်ရှိ ၂၀၂၄-၂၅ ရာသီမှာကတော့ ဘာစီလိုနာအတွက် လာမာစီယာရဲ့တစ်ကျော့ပြန်လွှမ်းမိုးမှုအကြီးမားဆုံးရာသီပါပဲ။ ဂါဗီ၊ ဘယ်လ်ဒီ၊ ယမားလ်တို့အပြင် ကူဘာစီ၊ ကာဆာဒို၊ ဘာနယ်လ်၊ ဖာမင်လိုပက်ဇ်တို့လို အနာဂတ်အသင်းကြီးအတွက်ကျောရိုးပြုနိုင်သူတွေကို ထပ်မံမွေးထုတ်နိုင်ခဲ့တယ်။ ဂါဗီ ဒဏ်ရာရနေတာ၊ ဘာနယ်လ်ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာတွေကြောင့် လူစုံအသုံးမပြုနိုင်သေးပေမယ့် လာမာစီယာရဲ့ တိုးတက်မှုအရှိန်အဟုန်က ကြောက်ခမန်းလိလိဖြစ်နေဆဲပါပဲ။ ဒါ့ပြင် အန်ဆူဖာတီ၊ အဲရစ်ဂါစီယာနဲ့ ဒါနီအော်လ်မိုတို့လို လာမာစီယာကစားသမားဟောင်းတွေကို ပြန်လည်စုစည်း နိုင်ခဲ့ပြီး လက်ရှိဘာစီလိုနာအသင်းကြီးရဲ့ အပြီး သတ်လူစာရင်းမှာ လာမာစီယာအကယ်ဒမီထွက် ကစားသမား (၁၀)ဦးအထိပါဝင်နေပါတယ်။ လာမာစီယာအတွက်ပိုပြီးဂုဏ်ယူစရာဖြစ်စေမှာက ယူရို-၂၀၂၄ ချန်ပီယံစပိန်လက်ရွေးစင်အသင်းနဲ့ ၂၀၂၄ ပါရီအိုလံပစ်ရွှေတံဆိပ်ရ စပိန်ယူ-၂၃ အသင်းတွေမှာ လက်ရှိဘာစီလိုနာမှာ ကစားနေတဲ့ လာမာစီယာအကယ်ဒမီထွက်ကစားသမား (၅)ဦး (ယမားလ်၊ ဖာမင်လိုပက်ဇ် ၊ အော်လ်မို ယူရို-၂၀၂၄၊ ဖာမင်လိုပက်ဇ်၊ ကူဘာစီ၊ အဲရစ်ဂါစီယာ ပါရီအိုလံပစ်) အထိပါဝင်ခဲ့တာဖြစ်ပြီး (၅)ဦးစလုံးဟာလည်း စပိန်ရဲ့အောင်မြင်မှုတွေမှာ အခရာကျသူတွေဖြစ်ခဲ့တာပါ။

 

Most Read

Most Recent