အီတလီစီးရီးအေနှင့် ပြင်သစ်လီဂူးပွဲစဉ်များပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေနှင့် ပြင်သစ်လီဂူးပွဲစဉ်များပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 18 August 2024

■ အီတလီစီးရီးအေပွဲစဉ် (၁)

ဘိုလော့ဂ်နာ - အူဒီးနီးစ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)

ရာသီသစ်မှာ ဘိုလော့ဂ်နာကို အသွင်သစ်နဲ့ မြင်ရမလား ဆိုတာ စောင့်ကြည့်ရမယ်။ အူဒီးနီးစ်ရဲ့ ခြေစမ်းပွဲရလဒ်တွေက လည်း ဆိုးရွားနေတာမျိုး သိပ်မရှိဘူး။ သရေကျဖို့များတယ်။ (၁-၁)လောက် ဖြစ်နိုင်တယ်။

ဗီရိုနာ - နာပိုလီ (တနင်္ဂနွေည ၁၁း၀၀ နာရီ)

ကွန်တီနဲ့ နာပိုလီရဲ့ စီးရီးအေအဖွင့်ပွဲက စိတ်ဝင်စားစရာ ကောင်းပါတယ်။ အိုဆင်မန်မပါနိုင်တဲ့တိုက်စစ်မှာ ကွန်တီအနေ နဲ့ ဘယ်လိုအဖြေရှာသွားမလဲဆိုတာကလည်း စောင့်ကြည့်ချင် စရာကောင်းပါတယ်။ ဗီရိုနာက အားရစရာပြင်ဆင်မှုသိပ်မရှိတဲ့ အသင်းပါ။ အိမ်ကွင်းအားနဲ့ပဲ နာပိုလီကိုရင်ဆိုင်ဖို့ ကြိုးစားမှာ ဖြစ်ပေမဲ့ ဂျီရိုနာအသင်း ရလဒ်ကောင်းဖို့မလွယ်ပါဘူး။ နာပိုလီ ကပ်နိုင်ဖို့များတယ်။

ကာဂလီယာရီ - ရိုးမား (တနင်္လာနံနက် ၁း၁၅ နာရီ)

ကာဂလီယာရီက ပြီးခဲ့တဲ့ ရာသီအတွင်း ရိုးမားနဲ့ တွေ့ဆုံ မှုမှာ (၂)ကျော့စလုံး ဂိုးပြတ်အရေးနိမ့်ခဲ့တယ်။ ရာသီသစ်မှာ ဒီ ရော့ဆီရဲ့ ရိုးမားက ပိုမိုအားကောင်းလာဖို့ အလားအလာများပါ တယ်။ (၂)သင်းပေါင်းသွင်းဂိုးများနိုင်ပြီး ရိုးမားအနိုင်ယူသွားမှာ ပါ။

လာဇီယို - ဗင်နီဇီယာ (တနင်္လာနံနက် ၁း၁၅ နာရီ)

လာဇီယိုက အီမိုဘီလီ၊ ကာမာဒါတို့ မရှိတော့ဘူး။ ဒါ ကြောင့် ကစားသမားသစ်တွေနဲ့ အလုပ်ဖြစ်ပါ့မလားဆိုတာ စောင့်ကြည့်ရမယ်။ တန်းတက် ဗင်နီဇီယာနဲ့ အရဲစွန့်ချင်ပါ တယ်။

■ ပြင်သစ်လီဂူးပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

အော်ဇေး - နိုက်စ် (တနင်္ဂနွေည ရး၃၀ နာရီ)

အော်ဇေးက လီဂူး-၂ ကနေတန်းတက်လာတဲ့အသင်းဖြစ် ပြီး တန်းတက်အသင်းတွေရဲ့ထုံးစံအတိုင်းရာသီအစပွဲတွေမှာ အမှတ်ရအောင်ရုန်းကန်ပါလိမ့်မယ်။ နိုက်စ်က အော်ဇေးထက်ပို တည်ငြိမ်တဲ့အသင်းပါ။ နိုက်စ်အနိမ့်ဆုံးသရေပါပဲ။

မောင့်ပယ်လီယာ - စထရာဘိုး (တနင်္ဂနွေည ၉း၃၀ နာရီ)

နှစ်သင်းစလုံးပြီးခဲ့တဲ့ရာသီက အတက်အကျမြန်ဆန်တဲ့ ခြေစွမ်းနဲ့အတူ တန်းမဆင်းရဖို့ရုန်းကန်ခဲ့ရတာပါ။ မောင့်ပယ်လီ ယာကအိမ်ကွင်းကစားပုံကောင်းမွန်တဲ့အသင်းဖြစ်ပြီး တိုက်စစ် လည်းထက်မြက်ပါတယ်။ မောင့်ပယ်လီယာနိုင်ပွဲယူမယ်။

တူးလူး - နန့်စ် (တနင်္ဂနွေည ၉း၃၀ နာရီ)

ပြီးခဲ့တဲ့ရာသီမှာ တန်းတင်ကျန်ရစ်ခဲ့တဲ့ နန့်စ်တို့ဒီရာသီမှာ တော့ ရေကန်ုရေခန်းရုန်းကန်ဖို့တွေးထားမှာပါ။ တူးလူးရဲ့ခြေစွမ်း ကလည်းသာမန်ပါပဲ။ နန့်စ်အမှတ်ရဖို့မျှော်လင့်နိုင်ပါတယ်။

အန်(ဂါစ် - လန်းစ် (တနင်္ဂနွေည ၉း၃၀ နာရီ)

 တန်းတက်အန်ဂါစ်တို့ အိမ်ကွင်းအားတစ်ခုနဲ့တော့ လန်းစ် ရဲ့ ခြေစွမ်းကိုအသာစီးယူဖို့ခက်မှာပါ။ လန်းစ်ကရာသီအဖွင့်ဆို ကစားပုံပိုမိုကောင်းမွန်လေ့ရှိပါတယ်။ လန်းစ်ပဲရွေးထားမယ်။

ရန်းစ် - လိုင်ယွန် (တနင်္လာနံနက် ၁း၁၅ နာရီ)

လိုင်ယွန်က ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ပစ်မှတ် ထားနေပြီး ပြင်ဆင်မှုတွေကောင်းကောင်းပြုလုပ်ထားတဲ့အသင်း ပါ။ ရန်းစ်အိမ်ကွင်းမာပေမယ့် လိုင်ယွန်ကိုပဲရွေးထားချင်တယ်။

Most Read

Most Recent