■ နယ်သာလန် လိမ္မော်ရောင် သမ်းပြီလား     

■ နယ်သာလန် လိမ္မော်ရောင် သမ်းပြီလား     
Photo: AFP
Photo: AFP
Published 5 July 2024
AK

သြစတြီးယားကို အုပ်စုနောက်ဆုံးပွဲမှာ အညံ့ခံရပြီးနောက် နယ်သာလန်ပရိသတ်တွေက သိပ်မကြာခင် ယူရို ၂၀၂၄ ကို နှုတ်ဆက်ရတော့မယ်ဆိုပြီး တွေးမိခဲ့တယ်။ ဂျာမနီနိုင်ငံမှာ ရစ်ခွေစီးဆင်းနေတဲ့ လိမ္မော်ရောင်လှိုင်းလုံးကြီးဟာ နယ်သာလန်အသင်းကို တစ်ခဲနက် အားပေးနေပါတယ်။ အဲဒီလိုမြင်ကွင်းဟာ အခုမှမဟုတ်ဘူး။ နယ်သာလန်ရဲ့ နိုင်ငံတကာပွဲစဉ်တိုင်း မြင်ရတတ်တဲ့ ရင်ခုန်ဖွယ်ရာပါပဲ။ နယ်သာလန်ဘောလုံးလောကက ဘယ်တုန်းကမှ မျက်နှာမငယ်ခဲ့ရဘူး။ မမေ့နိုင်စရာ ဂန္ထဝင်ကစားသမားတွေ အစဉ်အဆက်ရှိဖူးသလို၊ Total Football နဲ့ Tiki-taka ကို မိတ်ဆက်ပေးခဲ့တာလည်း နယ်သာလန်နည်းပြတွေပါ။

 

Most Read

Most Recent