အန်တိုနီကို ဇန်နဝါရီအပြောင်းအရွှေ့တွင် အရှုံးခံရောင်းထုတ်ရန် မန်ယူအသင်း စီစဉ်နေ

အန်တိုနီကို ဇန်နဝါရီအပြောင်းအရွှေ့တွင် အရှုံးခံရောင်းထုတ်ရန် မန်ယူအသင်း စီစဉ်နေ
Photo: X
Photo: X
Published 17 October 2024

မန်ယူအသင်းသည် ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီအား လာမည့်ဇန်နဝါရီတွင် အရှုံးခံရောင်းထုတ်သွားရန် စီစဉ်နေကြောင်း သိရသည်။

မန်ယူအသင်းသည် အန်တိုနီ(၂၄ နှစ်)အား ၂၀၂၂ တွင် ပေါင် (၈၆)သန်းဖြင့် ခေါ်ယူခဲ့ပြီး ယခုအခါ ပေါင်သန်း (၄၀) ရပါက ပြန်လည်ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။

အန်တိုနီသည် မန်ယူအသင်းတွင် မျှော်လင့်ထားသလောက် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ပြိုင်ပွဲစုံ (၈၆) ပွဲတွင် (၁၂) ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် (၂၇) မိနစ်သာ ပါဝင်ကစားခွင့်ရထားသည်။ 

မန်ယူအသင်းသည် အသင်းနောက်ခံကစားသမား မက်ဂွိုင်းရားကိုလည်း လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

မက်ဂွိုင်းရား(၃၁ နှစ်)သည် ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ရှိကြောင်း သိရသည်။

သို့သော် မန်ယူအသင်းသည် နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သည့် ပေါင်သန်း (၈၀) ဖြင့် ခေါ်ယူခဲ့သည့် မက်ဂွိုင်းရားအား ပြန်လည်ရောင်းထုတ်ရန် ပြင်ဆင်လာခြင်းဖြစ်ပြီး ပေါင်(၁၀)သန်းဖြင့် ကမ်းလှမ်းပါက လက်ခံစဉ်းစားသွားဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ 

Most Read

Most Recent