ရော်နယ်လ်ဒို (သို့မဟုတ်) ထာဝရရှင်သန်သူ ၃၀

ရော်နယ်လ်ဒို (သို့မဟုတ်) ထာဝရရှင်သန်သူ ၃၀
Photos: Getty Images
Photos: Getty Images
Published 6 July 2024
Chan Myae

ရော်နယ်လ်ဒိုက တိုက်စစ်ကစားသမားတစ်ဦး အနေနဲ့ တိုက်စစ်ဆင်ဖို့ ကြိုးစားနေတဲ့အသင်းတစ်သင်းမှာပဲ ကစားချင်တာ သဘာဝကျတယ်။ အသင်းအတွက် လိုအပ်လို့ ကစားပေးရတယ်ဆိုရင်တောင် သူ့အနေနဲ့ တိုက်စစ်အလုပ်တွေ အများကြီး ပေးထားတာကိုပဲ ပိုလုပ်ချင်တယ်။ မော်ရင်ညို က ခံစစ်တာဝန်တွေ ပေးထားတဲ့အခါ ကိုယ်မလုပ်ချင်တာတွေကို လုပ်ရတယ်။ မျှော်လင့်ထားတဲ့ ချန်ပီယံလိဂ်ဖလား အိပ်မက်ကလည်း ၂-၀ အရှုံးကြောင့် ရေစုန်မျောသလောက်ဖြစ်သွားတယ်။ ဒီအခြေအနေမှာ မေးခွန်းမေးတဲ့သူတွေဆီကလာတဲ့အခါ စိတ်ခံစားမှုတွေ ပါသွားတယ်လို့ပဲ ပြောရမယ်။ မော်ရင်ညိုက ဒါကို နားလည်ပေးရမယ့်အစား ခေါက်ထားလိုက်တဲ့အခါ အခြေအနေက ပိုဆိုးသွားခဲ့ခြင်းဖြစ်တယ်။ ရော်နယ်လ်ဒိုနဲ့ မော်ရင်ညိုကြားမှာ တကယ်တမ်းတင်းမာသွားခဲ့ပြီး နောက်ဆုံးမှာ စကားအချေအတင် ဖြစ်သွားတယ်လို့ အတွင်းပိုင်းသတင်းတွေက ဆိုလာတယ်။ မော်ရင်ညိုက "ငါ့ရဲ့ ခံစစ်နည်းဗျူဟာကို စောဒက မတက်နဲ့ ခရစ္စတီယာနို။ ငါတို့ အသင်းဒီလိုပုံစံနဲ့ ကစားရင် ခံစစ်ကစားချင်တဲ့စိတ်မရှိတဲ့ မင်းရဲ့ အမှားကို မင်းသိပါ"လို့ အဝတ်လဲခန်းထဲမှာ၊ တခြားအသင်းဖော်တွေရှေ့မှာ ပြောခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့တယ်။ 

 

Most Read

Most Recent