မလေးရှားတွင် ပညာသင်ကြားရန် ရွေးချယ်သော တရုတ်ကျောင်းသားအရေအတွက် ပိုမိုများပြားလာ

မလေးရှားတွင် ပညာသင်ကြားရန် ရွေးချယ်သော တရုတ်ကျောင်းသားအရေအတွက် ပိုမိုများပြားလာ
Published 23 June 2024

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယွန်နန်ပြည်နယ် ကူမင်းမြို့တွင် နေထိုင်သော ဒန်နီယယ်ချူးသည် ၎င်းမွေးရပ်မြေမှ ကီလိုမီတာ ၃၀၀၀ ကျော်ဝေးသောနေရာသို့ ပညာသင်ကြားရန် လွန်ခဲ့သည့်ငါးနှစ်ကထွက် ခွာခဲ့သည်။

 မလေးရှားနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် Malaya University မှ ဘွဲ့ရတစ်ဦးဖြစ်သည့် ဒန်နီယယ်ချူးသည် ဘွဲ့တစ်ခုရရှိသည့်အပြင် မလေးဘာသာစကားကိုလည်း ကျွမ်းကျင်စွာ ပြောဆိုနိုင်ခဲ့သည်။

“ကျွန်တော်တို့က တစ်နိုင်ငံသားတည်း မဟုတ်ပေမယ့်လည်း ကျွန်တော်တို့တွေ မိတ်ဆွေဖြစ်နိုင်သေးတဲ့အပြင် အပြန်အလှန်စကား ပြောဆိုနိုင်ပါသေးတယ်”ဟု အသက် ၂၄ နှစ်အရွယ်ချူးက ဆိုသည်။

ပြည်ပကျောင်းသားများသည် ၎င်းတို့၏ ပညာသင်နှစ်ပထမနှစ်တွင် မလေးဘာသာစကားကိုမဖြစ် မနေသင် ကြားကြရသည်။ချူးကဲ့သို့ မလေးနှင့် စပိန်ယဉ်ကျေးမှုလေ့လာသူများသည် မလေးဘာသာစကား ကိုအလွယ် တကူ ကျွမ်းကျင်တတ်မြောက်ခဲ့ကြသည်။

ချူးသည် မကြာသေးမီက အလုပ်တစ်ခုရရှိခဲ့ပြီး သူသည်မလေးရှားတွင် ၎င်း၏အသက်မွေးဝမ်း ကြောင်းအလုပ်အကိုင်နှင့်ပတ်သက် ၍ အဆင်ပြေချော့မွေ့မည်ဟု ယုံကြည်ထားကြောင်း ပြောကြားခဲ့ သည်။ထို့ပြင်မလေးရှားတွင် ပညာသင်ယူရန် ရွေးချယ်သော တရုတ်ကျောင်းသားများ ပိုမိုများပြားလာ လိမ့်မည်ဟု ယူဆထားသည်။

“ကျူရှင်လခ၊ နေထိုင်စရိတ်တွေက ပေကျင်း၊ ရှန်ဟိုင်း ဒါမှမဟုတ် ဂွမ်ကျိုးတို့လို မြို့ကြီးတွေနဲ့နှိုင်းယှဉ်ရန် သိပ်မများပါဘူး။မလေးရှားက တရုတ်နိုင်ငံသားတွေအတွက် အတော်လေး စျေးသက်သာပါတယ်” ဟု ချူးကဆိုသည်။

ချူးသည် လွန်ခဲ့သည့်ငါးနှစ်ကျော်က မလေးရှားတက္ကသိုလ်များသို့ တက်ရောက်ရန် လျှောက်ထားခဲ့သော တရုတ်နိုင်ငံမှ ပိုမိုများပြားလာသော ကျောင်းသားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။လွန်ခဲ့သည့်နှစ်က မလေးရှားတွင် ပညာလာရောက်သင်ယူသော ပြည်ပနိုင်ငံမှ ကျောင်းသား ၁၁၀,၀၀၀ ကျော်၏ ၃၈ ရာခိုင်နှုန်းခန့် သည် တရုတ်နိုင်ငံမှ ဖြစ်သည်။

ထိုစဉ် တရုတ်နိုင်ငံတွင် သွားရောက်ပညာသင်ကြားသော မလေးရှားနိုင်ငံသား  ၄၀၀၀ ခန့်ရှိသည်။

တရုတ်ပြည်သူ့တက္ကသိုလ်တစ်ခုက တည်ထောင်ခဲ့သော ပထမဆုံးပြည်ပ တက္ကသိုလ်နယ်မြေခွဲတစ်ခုဖြစ်သည့် ဆီလန်ဂေါပြည်နယ်ရှိ  Xiamen University Malaysia တွင် ပညာသင်ယူနေသူ မလေးရှားနိုင်ငံသား ၁၀၀၀ ခန့်ရှိသည်။

ယခုနှစ်တွင် တရုတ်နှင့်မလေးရှားနိုင်ငံတို့သည် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုပြုလုပ်သွားရန် ကတိပြုပြောကြားခဲ့သည်။

တရုတ်ဝန်ကြီးချုပ်လီခိုက်ကျီက မလေးရှားနိုင်ငံသို့ သုံးရက်ကြာ ခရီးစဉ်အဖြစ် ဇွန် ၁၈ ရက်တွင်ကွာ လာလမ်ပူမြို့တော်သို့ ရောက်ရှိခဲ့ပြီး လီသည် ဝန်ကြီးချုပ်အဖြစ် မလေးရှားနိုင်ငံသို့ ပထမဆုံးအကြိမ်ခရီး စဉ်လည်းဖြစ်သည်။

မလေးရှားကျောင်းသားအချို့သည် ၎င်းတို့၏ သင်ရိုးညွန်းတမ်း တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်အကပညာကို လေ့လာသင်ယူကြရသည်။

Sultan Idris ပညာရေးတက္ကသိုလ်၏ ဂီတနှင့်ဖျော်ဖြေရေးအနုပညာဌာနမှ ဘွဲ့ကြိုကျောင်းသား တစ်ဦးဖြစ်သည့် ဂျိုရွှာဂန်ဒီက သူသည် တရုတ်အကပညာ သင်ယူရသည်ကို ကောင်းမွန်သည့်အရာတစ် ခုအဖြစ် ရှုမြင်ထားသည်ဟု ဆိုသည်။

အနုပညာဘာသာရပ်ကထိက ဖော်ဇီအေမီရွတ်ဒင်က တရုတ်နှင့် မလေးအကတို့သည် ဆင်တူသည့် အရာများရှိသည်ဟု ဆိုသည်။

အဆိုပါယဉ်ကျေးမှုဖလှယ်မှုများသည် မလေးရှားနှင့်တရုတ်ကြား အမြစ်တွယ်နေသော သံတမန်ပူူး ပေါင်းဆက်သွယ်ရေးကို ပိုမိုခိုင်မာလာစေရန် အထောက်အကူပြုလိမ့်မည်ဟု ကျွမ်းကျင်သူများကသုံးသပ် ထားသည်။

 “ဒီကျောင်းသားတွေက အချင်းချင်းရင်းနှီးခင်မင်ပြီး နောက်တစ်ဆင့်အနေနဲ့ သူတို့တွေဟာလုပ်ငန်းအချို့ကို ပူးတွဲတည်ထောင်တာမျိုးတွေ ရှိလာနိုင်ပါတယ်။သူတို့တွေဟာ ပူးပေါင်းစီမံကိန်းမျိုးတွေ၊ပူးပေါင်းဆောင်ရွက်ရ တဲ့လုပ်ငန်းတွေကို ဆောင်ရွက်လာနိုင်ပါတယ်။ ဒါဟာ ရင်းနှီးပြီးသားနှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအရှိန် မြင့်လာစေပါတယ်”ဟု  စင်ကာပူနိုင်ငံတကာရေးရာဌာနမှ အကြီးတန်းအဖွဲ့ဝင် ဒေါက်တာအို အီဆန်းကမှတ်ချက်ပြုခဲ့သည်။

Ref:CNA

Most Read

Most Recent