ဇွန် (၁၀)ရက်တွင် ဘာစီလိုနာနည်းပြသစ် ဟန်ဆီဖလစ်ခ်နှင့် အားကစားဒါရိုက်တာ ဒေကိုတို့ တွေ့ဆုံကာ ကစားသမားအပြောင်းအရွှေ့အတွက် ဆွေးနွေးမည်

ဇွန် (၁၀)ရက်တွင် ဘာစီလိုနာနည်းပြသစ် ဟန်ဆီဖလစ်ခ်နှင့် အားကစားဒါရိုက်တာ ဒေကိုတို့ တွေ့ဆုံကာ ကစားသမားအပြောင်းအရွှေ့အတွက် ဆွေးနွေးမည်
Photo: Barca Universal
Photo: Barca Universal
Published 6 June 2024

ဘာစီလိုနာအသင်းနည်းပြသစ် ဟန်ဆီဖလစ်ခ်သည် လာမည့်ဇွန် (၁၀)ရက်နေ့တွင် ဘာစီလိုနာအသင်းသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ပြီး အားကစားဒါရိုက်တာ ဒေကိုနှင့်တွေ့ဆုံကာ ကစားသမားအပြောင်းအရွှေ့များအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း စပိန်သတင်းစာ Football Espana က ဖော်ပြခဲ့သည်။

အသက် (၅၉)နှစ်အရွယ်ရှိ ဟန်ဆီဖလစ်ခ်သည် ပြီးခဲ့သည့် မေလ (၂၉)ရက်နေ့က ဘာစီလိုနာအသင်းနည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်ခံခဲ့ရပြီးနောက် မိသားစုနှင့်အတူ နွေရာသီအပန်းဖြေခရီးသွားရောက်လျက်ရှိပြီး လာမည့်ဇွန် (၁၀)ရက် နေ့တွင်မှ အသင်းသို့လာရောက်ကာ ကစားသမားအပြောင်းအရွှေ့များအတွက် ဆွေးနွေးသွားရန် စီစဉ်ထားခြင်းဖြစ်သည်။

ဟန်ဆီဖလစ်ခ်နှင့် ဒေကိုတို့ တွေ့ဆုံမှုတွင် အဓိကဆွေးနွေးမည့်အကြောင်းအရာများမှာ အသင်းခေါင်းဆောင်ဆာဂျီရောဘတ်တို၏အနာဂတ်၊ ဂျော်အိုဖေးလစ်၊ ကန်ဆယ်လိုတို့အား ဆက်လက်ခေါ်ယူ ရန်သင့်၊ မသင့်၊ အဓိက ကစားသမားများဖြစ်သည့် ဖရန်ကီဒီယွန်း၊ အာရူဟိုတို့အားရောင်းချခြင်းပြု၊ မ ပြု၊ အန်ဆူဖာတီအားအခွင့်အရေးပြန်ပေးရန်နှင့် အငှားချထားသည့် အဲရစ်ဂါစီယာ၊ ဂျူလီယန်အာရူဟိုတို့အား ပြန်လည်ခေါ်ယူရန် အစရှိသည်တို့ဖြစ်သည်။

Most Read

Most Recent