သာကေတမြို့နယ် ၁/အနော်မာရပ်ကွက် ၊ တပ်ဖွဲ့လမ်းတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် ရှစ်နှစ်ခွဲအရွယ် ကလေး တစ်ဦး သေဆုံး

သာကေတမြို့နယ် ၁/အနော်မာရပ်ကွက် ၊ တပ်ဖွဲ့လမ်းတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် ရှစ်နှစ်ခွဲအရွယ် ကလေး တစ်ဦး သေဆုံး
■ ဓာတ်ပုံ သစ္စာမဏ္ဍိုင် လူမှုကူညီကယ်ဆယ်ရေးအသင်း
■ ဓာတ်ပုံ သစ္စာမဏ္ဍိုင် လူမှုကူညီကယ်ဆယ်ရေးအသင်း
Published 10 July 2024

ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် ၁/အနော်မာရပ်ကွက် ၊တပ်ဖွဲ့လမ်းတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက်(၈)နှစ် ခွဲအရွယ်ယောကျာ်းလေးတစ်ဦးသေဆုံးခဲ့မှု ဇူလိုင်  ၁၀ ရက်နေ နံနက် ရနာရီကျော်ခန့် အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီဆောင်ရွက်ခဲ့ သစ္စာမဏ္ဍိုင် လူမှုကူညီကယ်ဆယ်ရေးအသင်း မှသိရသည်၊

မီးလောင်မှု အကြောင်းအရင်းကို မသိရှိရသေးကြာင်း နှင့်  အိမ်ရှင်က ဘုရားရှိခိုးပြီး အပြင်သွား၍ မုန့်သွားဝယ်နေစဉ် အိမ်ကို တံခါးသော့ခတ်ထားခဲ့ကြောင်း၊ ကလေးမှာ အိမ်၏ အပေါ်ထပ်တွင် ကျန်ရှိနေခဲ့ကြောင်း၊ ပြန်လာသည့် အချိန်တွင် အိမ်မှာမီးလောင်မှု ဖြစ်ပွားနေပြီး၊ ကလေးမှာ မီးလောင်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်း ၊ အသက်ဆုံးရှုံးခဲ့ရသည့် ကလေးမှာ အသက်ရှစ်နှစ်ခွဲ အရွယ် ယောကျ်ား ကလေးတစ်ဦး ဖြစ်ကြောင်း၊ အသက်ဆုံးရှုံးခဲ့ရသည့် ကလေးကို လူမှုကူညီရေးအသင်းများက စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း၊သွားရောက်ကူညီဆောင်ရွက်ခဲ့ သည့်သစ္စာမဏ္ဍိုင် လူမှုကူညီကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ကိုပြည့်က ပြောကြားသည်။

“မီးလောင်သည့် အကြောင်းအရင်းကို အတိအကျ မသိရသေးဘူး၊ သိရသလောက်က တော့ မီးလောင်တဲ့အိမ်ပိုင်ရှင်က အပြင်ထွက်သွားတယ်၊ ဘုရားရှိခိုးပြီး သော့ခတ်ပြီးတော့ အပြင် မုန့်သွားဝယ်ဖို့ထွက်သွားတယ်၊ ကလေးက အပေါ်မှာ အိမ်ပြီး ကျန်နေခဲ့ပြောတယ်၊ ကျွန်တော်တို့ရောက်တော့ပစ္စည်းတွေဝိုင်းသယ် လုပ်တော့ ကလေးရှိနေတာလည်း ကျွန်တော်တို့မသိလိုက်ဘူး၊ အထဲထဲမှာ ဆိုတော့ နှစ်ထပ် အိမ်ဆိုတော့ အပေါ်မှာဆိုတော့ မသိလိုက်ဘူး၊ ဒါပေမယ့် ကလေးရှိတယ် ရှိတယ် ပြောတဲ့ အခါ မီးသတ်ဆေးဘူးတွေနဲ့ ဝိုင်းဖျန်းပြီးတော့ ကျွန်တော်တို့ ဝိုင်းပြီး သယ်တဲ့ အချိန်မှာ  ကလေးက ဆုံးနေပြီ၊ ကလေးက ရှစ်နှစ်ခွဲ ယောကျာ်လေးပါ၊ ဟု သစ္စာမဏ္ဍိုင် လူမှုကူညီကယ်ဆယ်ရေးအသင်း ဥက္ကဌ ကိုပြည့်ကပြောသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်အား အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

 

Most Read

Most Recent