■ လောက်ကိုင်တွင် တပ်မတော်က ဗုံးကြဲ တိုက်ခိုက်ပြီးနောက် တရုတ် ကွန်မြူနစ်ပါတီ အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် စိုးရိမ်မှုအပေါ် လေးစားခြင်းအားဖြင့်ဟုဆိုကာ MNDAA က လေးရက်တာ အပစ်ရပ်မည်ဖြစ်ကြောင်း ထုတ်ပြန်လာ

■ လောက်ကိုင်တွင် တပ်မတော်က ဗုံးကြဲ တိုက်ခိုက်ပြီးနောက် တရုတ် ကွန်မြူနစ်ပါတီ အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် စိုးရိမ်မှုအပေါ် လေးစားခြင်းအားဖြင့်ဟုဆိုကာ MNDAA က လေးရက်တာ အပစ်ရပ်မည်ဖြစ်ကြောင်း ထုတ်ပြန်လာ
Published 14 July 2024

လောက်ကိုင်တွင် ဇူလိုင် ၁၄ ရက် နံနက် ၂ နာရီခန့် တွင် တပ်မတော်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် စိုးရိမ်မှုအပေါ်လေးစားခြင်းအားဖြင့် ဟုဆိုကာ MNDAA က လေးရက်တာ အပစ်ရပ်မည်ဖြစ်ကြောင်း ထုတ်ပြန်လာသည်ကိုတွေ့ရသည်။

တရုတ်ဘာသာဖြင့် ကြေညာသည့် ထုတ်ပြန်ချက်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ကျင်းပမည့် လေးရက်တာကာလတွင် အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် စိုးရိမ်မှုအပေါ်လေးစားခြင်း အားဖြင့် MNDAA ၏ ထိုးစစ်ကို ဇူလိုင် ၁၄ ရက် ည ၁၂ နာရီမှ ဇူလိုင် ၁၈ ရက် ည ၁၂ နာအထိ ယာယီ ရပ်နားကြောင်း ဖော်ပြထားသည်။

အဆိုပါအပစ်ရပ်ကြောင်း ကြေညာချက်တွင် မိမိဘက်မှ ထိုးစစ်ရပ်ရမည်ဖြစ်ပြီး လက်ရှိနေရာတွင် ခံစစ် ပြင်ရမည်ဖြစ်ကြောင်း၊ တိုက်ခိုက်ခံရပါက တန်ပြန် ခုခံ တိုက်ခိုက်ခွင့်ရှိကြောင်းနှင့် ထိုးစစ် ရပ်နားရသည့် အကြောင်းရင်းမှာ အိမ်နီးချင်း တရုတ်နိုင်ငံတွင် တရုတ်ကွန်မြူနစ်ပါတီ (၂၀)ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ်မြောက် အစည်းအဝေးကို ဇူလိုင် ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်၍ ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

မြောက်ပိုင်းသုံးဖွဲ့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်၍ ၁၀၂၇ စစ်ဆင်ရေး အမည်ပေးထားသည့် စစ်ဆင်ရေးကို ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လုံခြုံရေး စခန်းများကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြီးငယ်များ ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံက ရှမ်းမြောက် တိုက် ပွဲများအား နယ်စပ်ဒေသတည်ငြိမ် အေးချမ်း ရေးကို ထိန်းသိမ်းရန်နှင့် အမြန်ဆုံးအပစ် အခတ် ရပ်စဲပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းခဲ့ပြီးနောက် ၎င်းတို့၏ကြားဝင်ဆောင် ရွက်မှုဖြင့် နစက၏ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့သည် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၄ ဇန်နဝါရီ လအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ဇွန်လ ကုန်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရး ဒုတိယပိုင်း ပြန်စသည် ဆိုကာ MNDAA အဖွဲ့က လားရှိုးမြို့ အနီးတဝိုက်တွင် လည်းကောင်း TNLA အဖွဲ့က မိုးကုတ် ၊ နောင်ချို ၊ သီပေါ တဝိုက်တွင် လည်းကောင်း

မတ္တရာ - စဉ့်ကူးတွင် ပြည်သူ့ကာကွယ်ရေးတပ်(မန္တလေး) MDY PDF တို့မှ ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး တပ်မတော်နှင့် နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားနေသည်။

ယခု အပစ်ရပ်စဲခဲ့သည့် MNDAA အဖွဲ့သည် လားရှိုးမြို့ အနီးတဝိုက်တွင် ဇူလိုင် ၃ ရက်မှ စတင်ကာ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

လက်ရှိအချိန်တွင် MNDAA အဖွဲ့နှင့် ပူးပေါင်း တပ်ဖွဲ့များက လားရှိုးမြို့ထဲသို့ ရှော့တိုက်ဒုံးများ ပစ်ခတ်မှုကြောင့် ပြည်သူအများအပြား သေဆုံး ဒဏ်ရာရရှိမှုများ ရှိနေပြီး အိုးအိမ်များစွာလည်း ထိခိုက် ပျက်စီးမှုများ ရှိနေသည်။

ထို့ပြင် တိုက်ပွဲများကြောင့် ခန့်မှန်း မြို့ခံ ထက်ဝက်ကျော်ခန့် မှာ ကားအစီးရေ ထောင်နှင့်ချီကာ မြို့ကို စွန့်ခွါ၍ စစ်ဘေးရှောင်နေရသည်။

ထိုကဲ့သို့သော အခြေအနေမျိုး ရှိနေချိန်တွင် တပ်မတော်ဘက်မှ လောက်ကိုင်မြို့ကို ဗုံးကြဲ တိုက်ခိုက်ပြီးနောက် တရုတ် ကွန်မြူနစ်ပါတီ အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် စိုးရိမ်မှုအပေါ် လေးစားခြင်းအားဖြင့်ဟုဆိုကာ MNDAA က လေးရက်တာ အပစ်ရပ်မည်ဖြစ်ကြောင်း ထုတ်ပြန်လာခဲ့ခြင်း ဖြစ်သည်။

“မနေ့က ညက လောက်ကိုင်မြို့မှာ ဗုံးကြဲပြီးတော့မှ ဒီနေ့မှာ သူတို့ဘက်က အပစ်ရပ်တယ်ဆိုပြီး စာ ထွက် လာတယ်။ ဒါက ပထမအကြိမ် တိုက်ပွဲတွေ ဖြစ်တုန်းကလို နှစ်ဦးနှစ်ဖက် ဆွေးနွေးပွဲတွေ လုပ်ပြီး ညှိုနှိုင်းအပစ်ရပ်တဲ့ ပုံစံမျိုး မဟုတ်ဘူး။ လက်ရှိအချိန်မှာ SSPP နဲ့ UWSA ကလည်း တန့်ယန့် နဲ့ မိုင်းရယ် မြို့တွေမှာ တပ်ချပြီး တပ်မတော်နဲ့ ပူးပေါင်းကာ လုံခြုံရေး ယူနေမှုတွေ ရှိနေတယ်။ ရှမ်းအဖွဲ့ နဲ့ ကိုးကန့် ပလောင် အဖွဲ့ တွေ ကြားထဲမှာ အခု လားရှိုးကို လာတိုက်နေတဲ့ MNDAA နဲ့ ပူးပေါင်း အဖွဲ့တွေရဲ့ ထောက်ပို့လမ်းကြောင်းတွေက လက်ရှိအချိန်မှာ ပြသနာ ရှိလာနိုင်တယ်လို့ သုံးသပ်လို့ ရတယ်။ ဒီလိုအချိန်မှာ သူတို့က တစ်ဖက်သက် အပစ်ရပ်တယ်လို့ ဆိုပေမယ့်လည်း တပ်မတော် အနေနဲ့ ကိုယ်လုပ်စရာရှိတာကို လုပ်သင့်တယ်။ အခုဆိုရင် သူတို့ လာတိုက်လို့ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေ ၊ ကျပ် ဘီလျံနဲ့ချီတဲ့ တိုက်တာ အဆောက်အုံတွေ ပျက်စီးခဲ့တာတွေ များတယ်။ ဒါကြောင့်မို့ ဘာမှ ထောက်ထား နေစရာ မလိုဘဲနဲ့ တပ်မတော် အနေနဲ့ စစ်ရေးအရ လက်ရှိအချိန်မှာ ပြန်ပြီး အသာစီးရအောင် လုပ်သင့်တယ်။ သူတို့က လားရှိုးကို အင်နဲ့ အားနဲ့ လာရောက် ဝိုင်းထားတာ ဖြစ်တဲ့အတွက် တပ်မတော်ကလည်း သူတို့ရှိတဲ့ နေရာတွေကို စုံစမ်း သိရှိ ထားနိုင်တယ်။ ဒါကြောင့်မို့လို့ လားရှိုးကို ဒီလိုမျိုးလာတိုက်တဲ့အခြေအနေကို နောက်တစ်ချိန်မှာဖြစ်မလာတော့အောင် တပ်မတော်ဘက်က ဒီအချိန်မှာ ချေမှုန်းတိုက်ခိုက်သင့်တယ်” ဟု လားရှိုးမြို့တိုက်ပွဲဖြစ်စဉ်များကြားတွင် မြို့မှ မထွက်ခွာဘဲ နေထိုင်ကာ စစ်ရေးအခြေအနေကို စောင့်ကြည့်နေသည့် ဒေသခံတစ်ဦး သုံးသပ်ပြောကြားသည်။

လားရှိုးမြို့အနီးတဝိုက်တွင် MNDAA ပူးပေါင်း အဖွဲ့က လာရောက် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများကြောင့် လားရှိုးဒေသခံများ ထိခိုက်နစ်နာမှုများ ရှိနေသလို ၊ TNLA အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဖြင့် ကျောက်မဲ၊ နောင်ချို မြို့များသို့ တိုက်ခိုက်မှုများကြောင့် ဒေသခံ အများအပြား သေဆုံးကာ လူဦးရေ ထောင်ချီ အိုးအိမ် စွန့်ခွါထွက်ပြေးနေရကြောင်း သိရသည်။

MNDAA အဖွဲ့အနေဖြင့် ၁၀၂၇ ပထမ အကြိမ် စစ်ဆင်ရေးအတွင်း လောက်ကိုင်မြို့ကို သိမ်းယူပြီးနောက်လောက် ကိုင် ပွိုင့် ၂၂၀၂ တောင်ကုန်း (ဆင်ဦးကင်း ကုန်း) ပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ စေတီတစ် ဆူအားMNDAA အဖွဲ့ဝင်တစ်ဦးက တူဖြင့် ထုရိုက်ဖြိုဖျက်နေမှုပြုလုပ်ကာ ထိုသို့ပြုလုပ် နေပုံကိုလည်း အများမြင်စေရန် လူမှုကွန် ရက်တွင် ဖြန့်ချိခဲ့သည်။

ထို့ပြင် လောက်ကိုင်မြို့တွင် မြန်မာနိုင် ငံဒေသအသီးသီးမှ လာရောက်လုပ်ကိုင်သူ များနေထိုင်သည့် ဗမာတန်းအလယ်လမ်း ရှိအဆောက်အအုံများကို မြို့စည်ပင်သာယာ ရေးအြေ ကာင်းပြချက်ဖြင့်MNDAA အဖွဲ့က ၂၀၂၄ ခုနှစ် မတ်လအတွင်းက ဖြိုဖျက်ခဲ့သည် အဆိုပါဗမာတန်းဟုခေါ်သည့် ပေါင် ဖုန်းလမ်းရှိ နေအိမ်ဆိုင်ခန်းများမှာ ဗမာလူမျိုးပိုင် နေအိမ်ဆိုင်ခန်းအနည်းငယ်သာပါဝင်သော်လည်း ဗမာပစ္စည်းများကို အဓိကရောင်းချခြင်းသည့် နေရာလည်းဖြစ်သည်။

MNDAA အဖွဲ့အနေဖြင့် လောက်ကိုင် မြို့သို့ ဗမာလူမျိုးများဝင်ရောက်မှုကို တင်း ကျပ်ထားသည့်အပြင် ချင်းရွှေဟော်၊ သိန္ဒီ၊ ကွတ်ခိုင်၊ ကွမ်းလုံဒေသများတွင်လည်း ဗမာ လူမျိုးကားဆရာများကို သွားလာမှုကိုတင်း ကျပ်ထားသည်။

Most Read

Most Recent