ထိုင်းနိုင်ငံအတွင်းပိတ်မိနေသူများနှင့်ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၂၀ ဦး ကော့သောင်းမြို့သို့ပြန်လည်ရောက်ရှိ

ထိုင်းနိုင်ငံအတွင်းပိတ်မိနေသူများနှင့်ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၂၀ ဦး ကော့သောင်းမြို့သို့ပြန်လည်ရောက်ရှိ
Published 11 June 2024

ထိုင်းနိုင်ငံအတွင်းပိတ်မိနေသူများနှင့်ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၂၀ ဦးတို့သည် ကော့သောင်းမြို့သို့ ဇွန် ၁ဝ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ၁၂၀ ဦးကို ထိုင်းနိုင်ငံ၊ ရနှောင်းမြို့မှမြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ နှစ်ဖက်တာဝန်ရှိ သူများဆက်သွယ်မှုဖြင့်လွဲပြောင်းပေးလာခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံသားအများစုမှာ ရွှေ့ပြောင်းလုပ်သားများဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်းပိတ်မိနေခဲ့သူများနှင့်ပြစ် ဒဏ်ကျခံခဲ့သူများဖြစ်ကြောင်းသိရသည်။

ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားတွင် အမျိုးသား(၉၈) ဦး၊ အမျိုးသမီး(၂၂)ဦး၊ စုစုပေါင်း(၁၂၀) ဦးကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ကျန်းမာရေးဌာနနှင့် NGO အဖွဲ့အစည်းများက လက်ခံပြီး ကိုယ်ရေးမှတ်တမ်းများ ကောက်ယူခြင်းနှင့် ကိုဗစ်ကာကွယ် ဆေးများထိုးနှံခြင်းများဆောင်ရွက်ပြီး နေရပ်ဒေသအသီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Most Read