မြန်မာနိုင်ငံတွင် ရေနက်ဆိပ်ကမ်းနှင့် ရေနံချက်စက်ရုံတည်ဆောက်ရေးအတွက် မြန်မာနှင့် ရုရှား ဆွေးနွေး

မြန်မာနိုင်ငံတွင် ရေနက်ဆိပ်ကမ်းနှင့် ရေနံချက်စက်ရုံတည်ဆောက်ရေးအတွက် မြန်မာနှင့် ရုရှား ဆွေးနွေး
Published 17 May 2024

မြန်မာနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတွင် ထားဝယ်ရေနက်ဆိပ်ကမ်းတစ်ခုတည်ဆောက်ရေးအတွက်  မြန်မာတပ်မတော်က ရုရှားနှင့် ဆွေးနွေးမှုများပြုလုပ်နေသည်ဟု construction world သတင်းဝက်ဘ်ဆိုက်တွင် မေ ၁၆ ရက်က ဖော်ပြထားသည်။

ထိုဆိပ်ကမ်းတည်ဆောက်ရေးအတွက် တပ်မတော်က ရုရှားကိုရွေးချယ်ခဲ့သဖြင့် တရုတ်ကို ဒေါသထွက်စေခဲ့ပြီး ထိုင်းနယ်စပ်အနီးတွင်လည်း ဆိပ်ကမ်းတင်္စခုတည်ဆောက်ရန် စီစဉ်နေသည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်သည် ရေနံချက်စက်ရုံတစ်ခုအပါအဝင် အထူးစီးပွားရေးဇုန်တစ်ခုထူထောင်ရေးနှင့်အတူ ဆိပ်ကမ်းပရောဂျက်တွင် ရုရှား၏ ရင်းနှီးမြှုပ်နှံမှုများ ရရှိစေရန် စိတ်ဝင်စားနေသည်ဟု ဆိုသည်။

တရုတ်သည် အစောပိုင်းက ထားဝယ်ဆိပ်ကမ်းတည်ဆောက်ရေးအတွက် လေ့လာမှုများပြုလုပ်ခဲ့သော်လည်း အိန္ဒိယကတည်ဆောက်ခဲ့သည့် စစ်တွေ ဆိပ်ကမ်းအနီးတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်မှုကို အာရုံစိုက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် တပ်မတော်က ရုရှားကို ရွေးချယ်ခဲ့သည့်အတွက် တရုတ်ကို စိတ်ပျက်စေခဲ့ကြောင်း ထိုအကြောင်းအရာနှင်္င့နီးစပ်သည့် ကျွင်္မးကျင်သူများက ပြောကြားခဲ့သည်။

ထားဝယ်ဆိပ်ကမ်းတည်ဆောက်ရေးအစီအစဉ်သည် အန်ဒမန်ပင်လယ် တစ်လျှောက် တနင်္သာရီတိုင်းဒေသကြီးတွင် တည်ရှိပြီး ကမ္ဘောဒီးယား၊လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ပါဝင်သည့် မဟာမဲခေါင် ဒေသခွဲ (GMS) အတွက် မုခ်ဝတစ်ခုသဖွယ် ဖြစ်စေမည်ဖြစ်သည်။

ဘန်ကောက်သည် ထားဝယ်မှ ကီလိုမီတာ ၃၀၀ အကွာအဝေးတွင်သာ တင်္ညရှိသဖြင့် ထိုဆိပ်ကမ်းသည် ထိုင်း၏ ကုန်သွယ်ရေးအတွက်လည်း အဓိကကျသည့် ဝင်ပေါက်တစ်ခုဖြစ်လာနိုင်သည်။

Ref: Construction World

Most Read

Most Recent