ထိုင်းနယ်စပ်ကုန်သွယ်မှုလမ်းကြောင်းသစ်အဖြစ် ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာသင်္ဘော ပြေးဆွဲမည်ဖြစ်ပြီး ဇွန် ၂၈ ရက်တွင် ပြောင်းဆန်များ သယ်ဆောင်၍ ရနောင်းဆိပ်ကမ်းသို့ ထွက်ခွာရန်စီစဉ်

ထိုင်းနယ်စပ်ကုန်သွယ်မှုလမ်းကြောင်းသစ်အဖြစ် ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာသင်္ဘော ပြေးဆွဲမည်ဖြစ်ပြီး ဇွန် ၂၈ ရက်တွင် ပြောင်းဆန်များ သယ်ဆောင်၍ ရနောင်းဆိပ်ကမ်းသို့ ထွက်ခွာရန်စီစဉ်
Published 27 June 2024

ထိုင်းနယ်စပ် ကုန်သွယ်မှုလမ်းကြောင်း အသစ်အဖြစ် ရန်ကုန်-ကော့သောင်း-ရနောင်းကွန်တိန်နာ သင်္ဘောပြေးဆွဲမည်ဖြစ်ပြီး ဇွန် ၂၈ ရက်တွင် ပြောင်းဆန်များ သယ်ဆောင်ကာ ရနောင်းဆိပ်ကမ်းသို့ ထွက်ခွာရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ထိုင်းနယ်စပ် ကုန်သွယ်မှုလမ်းကြောင်း အသစ်ဖြစ်သည့် ရန်ကုန်-ကော့သောင်း-ရနောင်းကွန်တိန်နာစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်မှုကို ၂၀၂၄ ခုနှစ် ဇွန်တွင် စတင်တော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

GOLDEN SHIPPING AGENCY SERVICES LIMITED မှ သင်္ဘောဖြစ်သည့် MV. Beypore Sultan သည် မြန်မာပို့ကုန် ပြောင်းဆန်များသယ်ဆောင်ပြီး ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းသို့ ၂၀၂၄ ခုနှစ် ဇွန် ၂၈ ရက်တွင် ထွက်ခွာရန် စီစဉ်ထားရှိကြောင်း သိရသည်။

အပြန်တွင် ရနောင်းဆိပ်ကမ်းမှ သွင်းကုန်ပစ္စည်းများ သယ်ဆောင်ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာမည်ဖြစ်ကြောင်းသည်။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုလမ်းကြောင်း အသစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်းနှင့် ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ ၁/၂၀၂၄ ပါ စံပြုလုပ်ငန်းစဉ်များကို လေ့လာနိုင်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာ -ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၄၆၅ ဒသမ ၁၇၃ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၃၂၇၇ ဒသမ ၅၇၅ သန်းတင်ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်ဒေါ်လာ ၂၁၈၇ ဒသမ ၅၉၈ သန်းတင်သွင်းထားသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှစက်တင်ဘာလကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၂၉၅၈ ဒသမ ၀၃၉ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၅၅၉ ဒသမ ၄၅၄ သန်းတင်ပို့ထားပြီး ထိုင်းဘက်မှ သွင်း ကုန်တန်ဖိုးဒေါ်လာ ၁၃၉၈ ဒသမ ၅၈၅ သန်း တင်သွင်းထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ- ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုဒေါ်လာ ၅၀၇၄ ဒသမ ၇၀၇ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၂၈၄၆ ဒသမ ၀၆၆ သန်းတင် ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်တန်ဖိုးဒေါ် လာ ၂၂၂၈ ဒသမ ၆၄၁ သန်းတင်သွင်းသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ -ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၂၂၁၂ ဒသမ၂၃၄ သန်း တင်ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်တန်ဖိုး ဒေါ် လာ ၂၀၈၅ ဒသမ ၉၃၈ သန်းတင်သွင်းထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။

ပြည်ပနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်း စသည်တို့ကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။

Most Read

Most Recent