မြောက်ဥက္ကလာပမြို့နယ် အထက (၇) ကျောင်းရှိ ကုက္ကိုလ်ပင်ကို မိုးကြိုးပစ်ရာ အနီးတွင် ရပ်နေသူ KG ကျောင်းသားနှစ်ဦးနှင့် ဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရ

မြောက်ဥက္ကလာပမြို့နယ် အထက (၇) ကျောင်းရှိ ကုက္ကိုလ်ပင်ကို မိုးကြိုးပစ်ရာ အနီးတွင် ရပ်နေသူ KG ကျောင်းသားနှစ်ဦးနှင့် ဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရ
Published 1 June 2026

မြောက်ဥက္ကလာပမြို့နယ် အထက (၇) ကျောင်းရှိ ကုက္ကိုလ်ပင်ကို မိုးကြိုးပစ်ရာ အနီးတွင် ရပ်နေသူ KG ကျောင်းသားနှစ်ဦးနှင့် ဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။

ဇွန် ၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် အဆိုပါကျောင်းရှိ ကုက္ကိုလ်ပင်တစ်ပင်အနီးတွင် ဆရာမနှင့် ကလေးနှစ်ဦးမှာ မတ်တပ်ရပ်နေစဉ် မိုးကြိုးပစ်ခံရခြင်းဖြစ်သည်။

“မိုးကြိုးက ကျောင်းထဲက ကုက္ကိုလ်ပင်ကိုပစ်တာ။ အဲ့ဒီကုက္ကိုလ်ပင်အောက်မှာ ဆရာမနဲ့ကျောင်းသားနှစ်ယောက်က မတ်တပ်ရပ်နေတာ။ ကျောင်းသားတစ်ယောက်က ကျောကုန်းကို ရှပ်ထိတယ်။ နောက်တယောက်က မျက်နှာနည်းနည်းထိတယ်။ ဆရာမက ကလေးနှစ်ယောက်ထက် ထိတာပိုများတယ်။ သုံးယောက်လုံးက အရမ်းစိုးရိမ်စရာ မရှိပါဘူး” ဟု အနှိုင်းမဲ့တိမ်ပန်းချီ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးကြိုးဒဏ်ခံခဲ့ရသည့် ကလေးငယ်နှစ်ဦးမှာ KG တန်းတွင် တက်ရောက်ပညာသင်ကြားနေသူများဖြစ်ပြီး လက်ရှိတွင် ဒဏ်ရာရရှိသည့် ကျောင်းဆရာမနှင့် ကလေးနှစ်ဦးကို မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Most Read

Most Recent