ရာသီသစ်အတွက် လာလီဂါစည်းမျဉ်းအချို့ပြောင်းလဲခဲ့

ရာသီသစ်အတွက် လာလီဂါစည်းမျဉ်းအချို့ပြောင်းလဲခဲ့
Photo: Football Espana
Photo: Football Espana
Published 4 July 2024

စပိန်လာလီဂါပြိုင်ပွဲတာဝန်ရှိသူများသည် လာမည့် ၂၀၂၄-၂၅ ရာသီအတွက် စည်းမျဉ်းအချို့ကို အပြောင်းအလဲပြုလုပ်သွားမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။

လာလီဂါတာဝန်ရှိသူများသည် ယူရို-၂၀၂၄ ပြိုင်ပွဲနှင့်ဆက်စပ်ကာ စည်းမျဉ်းအချို့ကိုပြောင်းလဲရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယင်းစည်းမျဉ်းများမှာ (၁) ဂိုးလိုင်းနည်းပညာအား အသုံးမပြုတော့ခြင်း၊ (၂) အသင်းခေါင်းဆောင်တစ်ဦးသာ ဒိုင်လူကြီးကိုစောဒကတက်ခွင့်ရှိခြင်း (၃) ပြင်းထန်သည့်ဒဏ်ရာများအတွက် (၆)ယောက်မြောက်လူစားလဲမှုကိုခွင့်ပြုခြင်းနှင့် (၄) အလိုအလျောက် လူကျွံဘောဖမ်းသည့်စနစ်ကို အသုံးပြုခြင်းတို့ဖြစ်ကြောင်းသိရသည်။

၂၀၂၄-၂၅ ရာသီ လာလီဂါပြိုင်ပွဲကို သြဂုတ် (၁၈)တွင် စတင်ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent