■ ရာဖေးလ်လီယာအိုကို အယ်လ်ဟီလာအသင်း အလိုရှိနေ     

■ ရာဖေးလ်လီယာအိုကို အယ်လ်ဟီလာအသင်း အလိုရှိနေ     
Photo: Getty Images
Photo: Getty Images
Published 24 May 2024

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသည် အေစီမီလန်အသင်းမှ ပေါ်တူဂီတောင်ပံကစားသမား ရာဖေးလ်လီယာအိုကို ခေါ်ယူရန် အလိုရှိနေကြောင်း သိရသည်။ 

ရာဖေးလ်လီယာအို(၂၄ နှစ်)သည် အေစီမီလန်အသင်းနှင့် ယူရို(၁၇၅)သန်း တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသည်။ 

သို့သော် အဆိုပါငွေကြေးပမာဏကို အယ်လ်ဟီလာအသင်းက ပေးချေရန် အသင့်ရှိနေကြောင်းလည်း သိရသည်။ 

ထို့ကြောင့် လီယာအို၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသော ၎င်း၏ ဖခင်ဖြစ်သူသည် ဆော်ဒီသို့ သွားရောက်၍ တွေ့ဆုံဆွေးနွေးရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent