အန်ကယ်တီယာ၏ အပြောင်းအရွှေ့အတွက် အာဆင်နယ်နှင့် နော်တင်ဟမ်အသင်း ဆက်လက်ဆွေးနွေးနေ

အန်ကယ်တီယာ၏ အပြောင်းအရွှေ့အတွက် အာဆင်နယ်နှင့် နော်တင်ဟမ်အသင်း ဆက်လက်ဆွေးနွေးနေ
Photo: Getty Images
Photo: Getty Images
Published 21 August 2024

 

အာဆင်နယ်အသင်းသည် အင်္ဂလန်တိုက်စစ်မှူး အန်ကယ်တီယာ၏ အပြောင်းအရွှေ့အတွက် နော်တင်ဟမ်ဖောရက်စ်အသင်းနှင့် ဆက်လက်ဆွေးနွေးနေကြောင်း သိရသည်။ 

အန်ကယ်တီယာ(၂၅ နှစ်)သည် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၁၆၀)ကျော် ကစားထားသူဖြစ်သော်လည်း ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်မရှိသောကြောင့် အသင်းပြောင်းရွှေ့ရန် လိုလားနေသူဖြစ်သည်။ 

ယင်းအတွက် နော်တင်ဟမ်အသင်းက ပေါင်(၂၅)သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း အာဆင်နယ်အသင်းက ပယ်ချခဲ့ပြီး ဆက်လက်ဆွေးနွေးမှု ပြုလုပ်နေခြင်းဖြစ်သည်။ 

အာဆင်နယ်အသင်းသည် အန်ကယ်တီယာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၃၅)သန်းအထိ အလိုရှိနေကြောင်း သိရသည်။

Most Read

Most Recent