မြန်မာနိုင်ငံက တိုက်ပွဲများကြောင့် လုံခြုံရေးနှင့်တည်ငြိမ်ရေးတို့အတွက် မြန်မာနှင့် ထိစပ်နေသော နယ်စပ်တွင် စစ်တပ်ချထားလိုက်ပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုများကိုလည်း လုပ်ဆောင်မည်ဟု သြဂုတ် ၂၆ ရက်တွင် တရုတ်တပ်မတော်က ထုတ်ပြန်ခဲ့သည်။
တရုတ်တပ်မတော်သည် ရွှေလီ၊ ကြယ်ဂေါင်၊ တရုတ်ရှိ အခြားသော ရှေ့တန်းနေရာများရှိ နယ်မြေများတွင် ကင်းလှည့်ခြင်းများကိုလည်း ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာမြောက်ပိုင်းတွင် မြောက်ပိုင်းအဖွဲ့ များနှင့်မြန်မာတပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေချိန်တွင် တရုတ်တပ်မတော်က ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲများကြောင့် တရုတ်ဘက်ကို လက်နက်ကြီး ကျည်ဆန်များ ကျရောက်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်းတို့ရှိနေသည့်အပြင် အိမ်များ ပျက်စီးခဲ့သည်။ ထို့အပြင် ယင်းဒေသတွင် တရုတ်ကလုပ်ဆောင်နေသော အခြေ ခံအဆောက်အအုံ စီမံကိန်းများအတွက်လည်း ခြိမ်းခြောက်မှုများ ဖြစ်လာခဲ့သည်ဟု ဆိုသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မ တော်၏ တောင်ပိုင်းစစ်ဒေသသည် နယ်စပ်ဒေသ လုံခြုံရေးနှင့်တည်ငြိမ်ရေးတို့အတွက် လျင်မြန်စွာလှုပ်ရှားခြင်း၊ ပိတ်ဆို့ခြင်း၊ ထိန်းချုပ်ခြင်း၊ ချိတ်ဆက် တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းတို့ကို စမ်းသပ်ရန်တပ်ဖွဲ့များ၏ အရည်အသွေးအား စမ်းသပ်ရန် စစ်တပ်ကို ဖြန့်ကြက်လိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်၏ တပ်ဖွဲ့တစ်ဖွဲ့သည် သြဂုတ် ၂၇ ရက်မှ ၂၉ ရက်အထိ တရုတ်-မြန်မာ နယ်စပ်၏တရုတ်ဘက်အခြမ်း၌ ကျည်ဆန်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်မည်ဟု သီးခြား ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို ရွှေ လီ တောင်ပိုင်းရှိ နယ်မြေများနှင့် ယူနန်ပြည် နယ်အနောက်ပိုင်းရှိ ဗားကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ကောင်တီ၊ ကျန်မာဒိုင်ကောင်တီ၊ကျင် ခန်ကောင်တီတို့ထဲက အခြားနေရာများတွင် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ပဋိပက္ခသည် တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်တွင် တည်ငြိမ်ရေးနှင့် လူမှုရေး အဆောက်အအုံတို့ကို အပျက်သဘောဆောင်သော သက်ရောက်မှုတို့ရှိနေသည်ဟု ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ပြန်လည်ဖော်ဆောင်ရန် အကူအညီပေးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မကြာသေးမီက ပြောကြားခဲ့သည်။
Ref: Reuters















