တရုတ်ရှိ မီးရှူးမီးပန်းစက်ရုံ၌ ကြီးမားသောပေါက်ကွဲမှုဖြစ်ပွားသဖြင့် အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပြီး ၆၁ ဦး ဒဏ်ရာရရှိ

တရုတ်ရှိ မီးရှူးမီးပန်းစက်ရုံ၌ ကြီးမားသောပေါက်ကွဲမှုဖြစ်ပွားသဖြင့် အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပြီး ၆၁ ဦး ဒဏ်ရာရရှိ
Published 5 May 2026
Ref:AFP

တရုတ်နိုင်ငံအလယ်ပိုင်းရှိ မီးရှူးမီးပန်းစက်ရုံတွင် ကြီးမားသော ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး ၂၁ ဦးသေဆုံးခဲ့ပြီး ၆၁ ဦး ဒဏ်ရာရခဲ့သည်ဟု တရုတ်အစိုးရပိုင်မီဒီယာက မေ ၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ပေါက်ကွဲမှုသည် ဟူနန်ပြည်နယ် လျူယန်းရှိ Liuyung Huasheng Fireworks Manufacturing and Display ကုမ္ပဏီတွင် မေ ၄ ရက် ညနေ ၄ နာရီ ၄၃ မိနစ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အစိုးရပိုင်ရုပ်သံ CCTV က ဖော်ပြခဲ့သည်။

မေ ၄ ရက် တွင် ဆိုရှယ်မီဒီယာ၌ တင်သော ဗီဒီယိုများတွင် အဆက်မပြတ်ပေါက်ကွဲမှုများကို မြင်ရပြီး မီးခိုးများက တောင်တန်းများဝိုင်းထားသော ကျေးလက်ဒေသရှိ လေထုထဲအထိ ရောက်နေသည်ကို တွေ့ရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဒရုန်းဖြင့်ရိုက်ထားသော ဗီဒီယိုကို CCTV က ဖော်ပြခဲ့ရာ၌ အဆောက်အအုံများ ရှိရာနေရာမှ မီးငွေ့ငွေ့ လောင်နေသော အပျက်အစီးများကို တွေ့ရသည်။

ကယ်ဆယ်ရေးသမားများနှင့် မြေကော်စက်မောင်းသူများက အပျက်အစီးပုံကို ရှင်းလင်းနေပုံအားလည်း မြင်ရသည်။ မတ် မတ်ရှိနေဆဲအဆောက်အအုံအချို့မှ မီးခိုးများထွက်နေဆဲဖြစ်ပြီး အဆောက်အအုံများသည် အမိုးများ ပွင့်ထွက်ကုန်သည်။

 

Most Read

Most Recent