ဥရောပစူပါဖလားပွဲစဉ်တွင် အမ်ဘာပေနှင့် ဘယ်လင်ဂမ်တို့ ပါဝင်ကစားဖွယ်ရှိဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီဆို

ဥရောပစူပါဖလားပွဲစဉ်တွင် အမ်ဘာပေနှင့် ဘယ်လင်ဂမ်တို့ ပါဝင်ကစားဖွယ်ရှိဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီဆို
Photo: X
Photo: X
Published 5 August 2024

ရီးယဲလ်မက်ဒရစ်အသင်း၏ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီက ဥရောပစူပါဖလားပွဲစဉ်တွင် အသင်း၏ကစားသမားသစ်ဖြစ်သူ အမ်ဘာပေနှင့် ကြယ်ပွင့်ကစားသမားသစ် ဘယ်လင်ဂမ်တို့ ပါဝင်ကစားဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။

ချန်ပီယံလိဂ်၏ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းသည် ၂၀၂၄ ဥရောပစူပါဖလားပွဲစဉ်အဖြစ် လာမည့် သြဂုတ်(၁၄)ရက်နေ့တွင် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီ ယူရိုပါလိဂ်ချန်ပီယံ စီးရီးအေကလပ်အတ္တလန်တာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲမှာ ဘာပေအတွက် ရီးယဲလ်ကစားသမားဘဝ ပထမဆုံးပွဲစဉ်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

ထို့ပြင် ကျောဒဏ်ရာခွဲစိတ်မှု ခံယူထားသည့် ရီးယဲလ်အသင်း၏ အင်္ဂလန်ကြယ်ပွင့်ကွင်းလယ်လူ ဘယ်လင်ဂမ်မှာလည်း ဥရောပစူပါဖလားပွဲအမီ ဒဏ်ရာမှ ပြန်လည်သက်သာလာဖွယ်ရှိနေကြောင်းသိရသည်။

ဘာပေ၊ ဘယ်လင်ဂမ်တို့နှင့်ပတ်သက်ပြီး အန်ဆယ်လော့တီက ''အမ်ဘာပေဟာ ဥရောပစူပါဖလားပွဲစဉ်မှာ ပထမဆုံး ပွဲထွက်ပါဝင်ကစားလာနိုင်ပါတယ်။ ဘယ်လင်ဂမ်ကလည်း အတူတူပါပဲ။ သူတို့ ဒီပွဲစဉ်အတွက် အသင့်ဖြစ်နေပါပြီ'' ဟု မီဒီယာများနှင့်တွေ့ဆုံမှုတွင် ဖြေကြားခဲ့သည်။

Most Read

Most Recent