သမိုင်းထဲက ယူရို(၂)

သမိုင်းထဲက ယူရို(၂)
Photos: UEFA
Photos: UEFA
Published 13 June 2024

(၁၇)ကြိမ်မြောက် ယူရို-၂၀၂၄ ပြိုင်ပွဲကို ဇွန်(၁၄)ရက်နေ့မှာ စတင်ကျင်းပတော့မှာပါ။ ယူရိုပြိုင်ပွဲက ဥရောပရဲ့ အကြီးကျယ်အခမ်းနားဆုံးသော ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်ပြီး သမိုင်းတစ်လျှောက် ရင်ခုန်စိတ်လှုပ်ရှားစရာ အကြောင်းအရာများစွာကိုလည်း ချန်ရစ်ထားခဲ့ပါတယ်။ သမိုင်းထဲက ယူရိုခြေရာတွေကို ပြန်လည်ဖွေရှာပြီး Eleven Sports ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ် . . . 

(၁၇)ကြိမ်မြောက် ယူရို-၂၀၂၄ ပြိုင်ပွဲကို ဇွန်(၁၄)ရက်နေ့မှာ စတင်ကျင်းပတော့မှာပါ။ ယူရိုပြိုင်ပွဲက ဥရောပရဲ့ အကြီးကျယ်အခမ်းနားဆုံးသော ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်ပြီး သမိုင်းတစ်လျှောက် ရင်ခုန်စိတ်လှုပ်ရှားစရာ အကြောင်းအရာများစွာကိုလည်း ချန်ရစ်ထားခဲ့ပါတယ်။ သမိုင်းထဲက ယူရိုခြေရာတွေကို ပြန်လည်ဖွေရှာပြီး Eleven Sports ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ် . . . 

၁၉၉၂ ဥရောပဖလားဘောလုံးပြိုင်ပွဲ

    ၁၉၉၂ ယူရိုပြိုင်ပွဲကို ခြေစစ်ပွဲမအောင်မြင်ဘဲ ဝင် ရောက်ယှဉ်ပြိုင်ခွင့်ရကာ ဗိုလ်စွဲခဲ့သည့် ဒိန်းမတ်အသင်း၏အောင် မြင်မှုကြောင့် ကမ္ဘာ့ဘောလုံးလောကတွင် အံ့အားသင့်စရာအ ကောင်းဆုံးပြိုင်ပွဲအဖြစ်သတ်မှတ်ခဲ့ကြသည်။ ပြိုင်ပွဲယှဉ်ပြိုင်ရန် (၂)ပတ်အလိုတွင်မှ ယူရိုပြိုင်ပွဲတွင်မထင်မှတ်ဘဲယှဉ်ပြိုင်ခွင့်ရခဲ့ သည့် ဒိန်းမတ်အသင်းမှာ ပြင်ဆင်ချိန်နည်းပါးလွန်းခဲ့သော်လည်း ရခဲလှသည့်အခွင့်အရေးကိုလက်လွှတ်မခံဘဲ အကောင်းဆုံးစွမ်း ဆောင်ရည်ကိုပြသကာဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ယူရို-၁၉၉၂ ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် အတွက် စပိန်နှင့် ဆွီဒင်တို့က ရွေးချယ်ခံခဲ့ကြပြီး ဆွီဒင်နိုင်ငံက လက်ခံကျင်းပခွင့်ရရှိခဲ့သည်။ ၁၉၉၂ ဘာစီလိုနာအိုလံပစ်ကို စပိန် နိုင်ငံကလက်ခံကျင်းပမည်ဖြစ်သည့်အတွက် စပိန်နိုင်ငံမှာ အိမ်ရှင် အဖြစ်လက်ခံကျင်းပခွင့်လွဲချော်ခဲ့သည်ဟုသတင်းများထွက်ပေါ်ခဲ့ ပြီး ဆွီဒင်အသင်းမှာ စကင်ဒီနေဗီးယန်းဒေသမှ ယူရိုပြိုင်ပွဲကို ပထမဆုံးကျင်းပခွင့်ရသည့်နိုင်ငံဖြစ်လာခဲ့သည်။ ထို့အပြင် ယခုပြိုင်ပွဲ တွင်ပြိုင်ပွဲဝင်ကစားသမားများ၏နောက်ကျောတွင် အမည်ရေးထိုး ယှဉ်ပြုခွင့် ပြုခဲ့သည်။ ဆီီမီးဖိုင်နယ်ပွဲစဉ်များကိုယှဉ်ပြိုင်ရာတွင် အိမ်ရှင်ဆွီ ဒင်အသင်းမှာ ဂျာမနီအသင်းကို (၃-၂)ဂိုးဖြင့်ရှုံးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသည်။ အခြားဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဒိန်းမတ်အသင်းက လက်ရှိချန်ပီယံဟော်လန်အသင်းကို  ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲကိုတက်လှမ်းနိုင်ခဲ့သည်။ ဗိုလ်လုပွဲတွင်အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသသွားသည့်အသင်းက ဒိန်း မတ်အသင်းဖြစ်ပြီး အကောင်းဆုံးစွမ်းရည်ကိုပြသခဲ့သည့်ကစာသမားက ဂိုးသမားရှမိုက်ကယ်ဖြစ်ခဲ့သည်။ ဂျာမနီအသင်း၏ထိုးဖောက် တိုက်စစ်ဆင်မှုများကို အကောင်းဆုံးလက်စွမ်းဖြင့်ကာကွယ်ပေးနိုင်ခဲ့ပြီး အသင်းသားများ၏ယုံကြည်မှုကို တိုးမြှင့်စေခဲ့သည်။ အခွင့်အရေးများကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့သည့် ဂျာမနီအသင်းကိုကွင်းလယ်ကစားသမားများဖြစ်ကြသည့် ယန်ဆန်၊ ဗီလ်ဖော့ဒ်တို့၏ဂိုးများဖြင့် (၂-၀)ဂိုးဖြင့်အနိုင်ယူကာ ယူရိုချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ထို့ကြောင့်ယခုပြိုင်ပွဲ တွင်အိမ်ရှင်ဆွီဒင်အသင်းဗိုလ်မစွဲခဲ့သော်လည်း စကင်ဒီနေဗီးယန်း ဒေသခံဒိန်းမတ်တို့မှာမူ ထင်မှတ်မထားသည့်အောင်မြင်မှုကိုရရှိခဲ့ ခြင်းဖြစ်သည်။

၁၉၉၆ ဥရောပဖလားဘောလုံးပြိုင်ပွဲ

    ယူရို-၁၉၉၆ ပြိုင်ပွဲတွင် အကြီးမားဆုံးအပြောင်းအလဲ တစ်ခုဖြစ်ပေါ်ခဲ့သည်။ ယင်းမှာ ယူရိုပြိုင်ပွဲ၏အရှိန်အဝါပိုမိုကျယ် ပြန့်လာစေရန်နှင့် တစ်ကမ္ဘာလုံးမှ ဘောလုံးပရိသတ်များ၏စိတ်ဝင် စားမှုပိုမိုရရှိစေရန်အတွက် ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို ယခင်(၈)သင်းမှ (၁၆)သင်းအထိတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စုနှင့် ယူဂိုဆလားဗီးယားတို့ပြိုကွဲသွားသဖြင့် အသင်း သစ်အမြောက်အမြားထွက်ပေါ်လာခဲ့သလို၊ ကမ္ဘာ့ဖလားပြိုင်ပွဲများ တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိနေသည့်  ဥရောပအသင်းအရေအ တွက်မှာ ယူရိုပြိုင်ပွဲဝင်ခွင့်ရအသင်းအရေအတွက်ထက်များစွာသာ လွန်နေသဖြင့် ယခုကဲ့သို့ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို တိုးမြှင့်ရန် UEFA  မှစီစဉ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင်ယခုပြိုင်ပွဲတွင် အချိန်ပိုရွှေဂိုးစနစ်ကိုစတင်အသုံးပြုခဲ့သည်။ အောင်မြင်မှုများရရှိနေသည့် ပရီးမီးယားလိဂ်၏ အရှိန်အဝါနှင့် ခေတ်မီပြည့်စုံသည့်ဘောလုံးကွင်းများကြောင့် အင်္ဂလန်နိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့် ရရှိခဲ့သည်။ ထို့ကြောင့် ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလက်ခံကျင်းပပြီး နှစ်(၃၀)အကြာတွင် ဒုတိယမြောက် နိုင်ငံတကာဘောလုံးပြိုင် ပွဲတစ်ရပ်ကိုဘောလုံးဘိုးအေဟုတင်စားကြသည့် အင်္ဂလန်တို့လက်ခံကျင်းပခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်း (၁၆)သင်းရှိလာခဲ့သည့်အတွက် ပြိုင်ပွဲကျင်းပသည့်ပုံစံမှာလည်းအပြောင်းအလဲရှိခဲ့သည်။ အသင်းများကို (၄)သင်းစီပါသည့် အုပ်စု(၄)စုခွဲဝေယှဉ်ပြိုင်စေကာ အုပ်စုပထမနှင့် ဒုတိယရသည့် (၈)သင်းကို ကွာတားဖိုင်နယ်ဆက် လက်ယှဉ် ပြိုင်စေသည့်ပုံစံကိုအသုံးပြုခဲ့သည်။ အုပ်စုပွဲစဉ်များယှဉ်ပြိုင်အပြီးတွင်ကွာတားဖိုင်နယ်သို့ အင်္ဂလန်၊ နယ်သာလန်၊ ပြင်သစ်၊ စပိန်၊ ဂျာမနီ၊ ချက်၊ ပေါ်တူဂီနှင့် ခရိုအေးရှားအသင်းများတက် ရောက်နိုင်ခဲ့ကြသည်။ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်များမှာမူ အုပ်စုပွဲစဉ် များလောက်အကြိတ်အနယ်မရှိခဲ့ချေ။ ယင်းပွဲစဉ်(၆)ပွဲ တွင် သွင်းဂိုးစုစုပေါင်း (၆)ဂိုးသာရှိခဲ့ပြီး မိနစ်(၉၀)အတွင်းအဖြေ ပေါ်သည့် ပွဲကလည်း (၂)ပွဲသာရှိခဲ့သည်။ ယခုပြိုင်ပွဲ၏ဗိုလ်လုပွဲတွင် ချက်အသင်းနှင့် ဂျာမနီတို့တွေ့ဆုံခဲ့သည်။ အုပ်စုပွဲစဉ်များယှဉ်ပြိုင်စဉ်က  (၂-၀)ဂိုးဖြင့်အနိုင်ရခဲ့ သည့်ချက်အသင်းကို ဂျာမနီတို့ ဗိုလ်လုပွဲတွင် အလွယ်တကူအနိုင် မရခဲ့။ (၅၉)မိနစ်တွင် ချက်ကွင်းလယ်လူ ပတ်ထရစ်ဘာဂါ၏ ပယ်နတီဂိုးကိုခွင့်ပြုခဲ့ရပြီး နောက်မှလိုက်ကစားခဲ့ရသည်။ (၇၃)မိနစ် တွင်လူစားဝင်လာသည့်တိုက်စစ်မှူး ဘီယာဟော့ဖ်က ချေပဂိုးပြန်လည်သွင်းယူခဲ့ပြီး အချိန်ပိုဆက်လက်ယှဉ်ပြိုင်ရာတွင်လည်း ဘီယာဟော့ဖ်ကပင်အချိန်ပိုရွှေဂိုးသွင်းယူခဲ့သည့်အတွက် ဂျာမနီတို့ဥရောပချန်ပီယံဖြစ်လာခဲ့သည်။ ဂျာမနီအသင်းမှာ ယူရိုပြိုင်ပွဲသ မိုင်းတွင် ချန်ပီယံဆု(၃)ကြိမ်ဖြင့် အကြိမ်အများဆုံးဗိုလ်စွဲသည့်အ သင်းအဖြစ်လည်းမှတ်တမ်းဝင်ခဲ့သည်။ ထို့ပြင် ယခုပြိုင်ပွဲမှစတင် ကာ အကောင်းဆုံးကစားသမားဆုကိုချီးမြှင့်ခဲ့ပြီး ယင်းဆုကို ဂျာမနီအသင်းမှ မားသီးယက်စ်ဆမ်းမားက ရရှိခဲ့သည်။

၂၀၀၀ ဥရောပဖလားဘောလုံးပြိုင်ပွဲ

    ယူရိုပြိုင်ပွဲသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် (၂)နိုင်ငံပူးတွဲကျင်းပသည့် ပြိုင်ပွဲဖြစ်ခဲ့သည်။ အိမ်နီးချင်း(၂)နိုင်ငံဖြစ်သည့် ဘယ်လ်ဂျီယံနှင့် နယ်သာလန်တို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်အတွက ်စပိန်၊ သြစတြီးယားတို့နှင့်အပြိုင် ကြိုးပမ်းခဲ့ရပြီး UEFA က (၂)နိုင်ငံပူးတွဲအိမ်ရှင်အ ဖြစ် လက်ခံကျင်းပစေခဲ့ခြင်းဖြစ်သည်။ ကွာတားဖိုင်နယ်ပွဲစဉ်များတွင် အီတလီနှင့် ပေါ်တူဂီတို့က ရိုမေးနီးယားနှင့် တူရကီတို့ကို အခက်အခဲမရှိ ကျော်ဖြတ်နိုင်ခဲ့ကြပြီး နယ်သာလန် အသင်းမှာလည်း ယူဂိုဆလားဗီးယားအသင်းကို (၆-၁)ဂိုးဖြင့်ဂိုးပြတ်အနိုင်ရကာ ဆီမီးတက်ခဲ့ကြသည်။ အခြား ကွာတားဖိုင်နယ်ပွဲစဉ်တွင် စပိန်အသင်းမှာ ရာအူးလ်၏ပယ်နယ်တီလွဲချော်မှုကြောင့် ပြင်သစ်အသင်းကိုရှုံးနိ်မ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရ သည်။ ဆီမီးဖိုင်နယ်ပထမပွဲတွင် ပေါ်တူဂီအသင်းမှာ ပြင်သစ်အသင်းကို ပယ်နယ်တီရွှေဂိုးဖြင့်ရှုံးနိမ့်ခဲ့သလို အီတလီက နယ်သာလန် ကိုပယ်နယ်တီဖြင့်အနိုင်ယူကာ ဗိုလ်လုပွဲတက်ခဲ့သည်။ ဗိုလ်လုပွဲတွင်ပွဲချိန် (၅၅)မိနစ်၌ တိုက်စစ်မှူး ဒယ်လ်ဗက်ချီယို၏ဂိုးဖြင့်  ပြင်သစ်အသင်းကို အီတလီတို့ဦးဆောင်ထားနိုင်ခဲ့သည်။ ပြင်သစ်တို့၏ ချေပဂိုးရရန် ကြိုးပမ်းချက်များမှာလည်း မိနစ်(၉၀)ပြည့် သည်အထိ အရာမထင်ခဲ့။ ပွဲသိမ်းခရာမှုတ်ရန် စက္ကန့်ပိုင်းသာလိုတော့သည်အထိ ဦးဆောင်ဂိုးကို ထိန်းထားနိုင်သည့်အတွက် အီတ လီအသင်းသားများ အောင်ပွဲခံရန် ကွင်းအပြင်တွင် စောင့်ဆိုင်းနေကြပြီဖြစ်သည်။ သို့ရာတွင် ပွဲသိမ်းခရာမှုတ်ရန် စက္ကန့်ပိုင်းအလိုတွင် ပြင်သစ်အသင်းအတွက် ဝီးလ်တော့ဒ်က ချေပဂိုးသွင်းယူနိုင်ခဲ့သည်။ စိတ်ဓာတ်တက်လာသည့်အသင်းနှင့် စိတ်ပျက်အားလျော့သွား သည့်အသင်းတို့ ယှဉ်ပြိုင်ရသည့်အချိန်ပိုတွင် ပြင်သစ်အသင်းမှ ထရာဇီဂေးက (၁၀၃)မိနစ်တွင်ရွှေဂိုးသွင်းယူခဲ့ပြီး ပြင်သစ်အသင်း အတွက် ဒုတိယမြောက်ဥရောပချန်ပီယံဆုဖလားကို ရယူပေးခဲ့သည်။

၂၀၀၄ ဥရောပဖလားဘောလုံးပြိုင်ပွဲ

    ယူရို-၁၉၉၂ ပြိုင်ပွဲတွင် ဒိန်းမတ်အသင်း ဗိုလ်စွဲခဲ့သလို ယခုပြိုင်ပွဲတွင်လည်း မည်သူမျှမထင်မှတ်ထားသည့် အသင်းငယ်တစ်သင်းက ဗိုလ်စွဲခဲ့ သည်။ ဂျာမန်နည်းပြကြီး အော်တိုရီဟာဂျယ်၏လက်အောက်တွင် သိပ်သည်းသည့်ခံစစ်ကစားဟန်နှင့် ဂရိအသင်းမှာ အသင်း၏သမိုင်းတွင် တတိယအကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရရှိသည့် နိုင်ငံတကာပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်ခဲ့သည်။ ယခုပြိုင်ပွဲ၏ကွာတားဖိုင်နယ်တွင် အိမ်ရှင်ပေါ်တူဂီအသင်းမှာ အင်္ဂလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည်။ နယ်သာလန်နှင့် ဆွီဒင်တို့ပွဲစဉ်မှာလည်း ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး နယ်သာလန်တို့ ဆီမီးတက်ခဲ့သည်။ ချက်အသင်းမှာ ဒိန်းမတ် အသင်းကို (၃-၀)ဂိုးဖြင့် သက်သောင့် သက်သာအနိုင်ရခဲ့ပြီး လက်ရှိချန်ပီယံ ပြင်သစ်အသင်းမှာမူ ဂရိအသင်းကို (၀-၁)ဂိုးဖြင့် အရှုံးပေးခဲ့ရသည်။ ထို့ကြောင့် ဂရိအသင်းမှာ ပြိုင်ပွဲတစ်ခုအတွင်း အိမ်ရှင်အသင်းနှင့် လက်ရှိချန်ပီယံတို့ကို အနိုင်ယူခဲ့သည့်အသင်း အဖြစ်လည်း မှတ်တမ်းဝင်နေသည်။ ဗိုလ်လုပွဲက ရင်ခုန်စရာကောင်းခဲ့သည်။ ပြိုင်ပွဲ၏အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့သည့် အိမ်ရှင်ပေါ်တူဂီနှင့်ဂရိတို့ ပြန်လည်တွေ့ဆုံခဲ့သည်။ လစ္စဘွန်းမြို့တွင်ကျင်းပခဲ့သည့် ဗိုလ်လုပွဲတွင်လည်း အဖွင့်ပွဲတွင်အနိုင်ရခဲ့သည့် ဂရိအသင်းကပင် အောင်ပွဲအတွက် အကောင်းဆုံးခံစစ်နှင့် အိမ်ရှင် ပေါ်တူဂီကို ရင်ဆိုင်ခဲ့သည်။ ပွဲချိန်(၅၇)မိနစ်တွင် ဂရိအသင်းရရှိသည့် ထောင့်ကန်ဘောမှတစ်ဆင့် တိုက်စစ်မှူး ချာရစ္စတေ့စ်၏ တစ်လုံးတည်းသောအနိုင်ဂိုးဖြင့် သမိုင်းဝင်အောင်ပွဲကိုရယူပေးခဲ့သည်။

၂၀၀၈ ဥရောပဖလားဘောလုံးပြိုင်ပွဲ

    စပိန်တို့ ရွှေခေတ်ကိုစတင်ခဲ့သည့် ပြိုင်ပွဲဖြစ်သည်။ ကာဆီးလက်စ်၊ ရာမို့စ်၊ ဇာဗီ၊ အင်နီ ယေစတာ၊ ဒေးဗစ်ဗီလာ၊ တော ရက်စ်အစရှိသည့် ရွှေရောင်မျိုးဆက်ကစားသမားများ၏ အကောင်း ဆုံးအချိန်ကို နည်းပြအာရာဂူးနက်စ် အကောင်းဆုံး အသုံးချခဲ့သည်။ ယူရိုပြိုင်ပွဲသမိုင်းတွင် ဒုတိယအကြိမ်မြောက် (၂)နိုင်ငံကပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်ပြိုင်ပွဲဖြစ်သည်။ အိမ်ရှင်အဖြစ် သြစတြီးယားနှင့် ဆွစ်ဇာလန်တို့ကို UEFA က ရွေးချယ်ခဲ့သည်။ ခြေစစ်ပွဲတွင် ပရိသတ်များအတွက် အထူးခြားဆုံးဖြစ်ခဲ့သည်က အင်္ဂလန်အသင်း ခြေစစ်ပွဲမအောင်မြင်ခဲ့ခြင်းဖြစ်သည်။ ကွာတားဖိုင်နယ်သို့ ပေါ်တူဂီ၊ တူရကီ၊ ခရိုအေး ရှား၊ ဂျာမနီ၊ နယ်သာလန်၊ အီတလီ၊ စပိန်၊ ရုရှားတို့ တက်ရောက်လာခဲ့ပြီး အကြိတ်အနယ်ပွဲစဉ်များကို တွေ့ခဲ့ရသည်။ ဆီမီးဖိုင်နယ်တွင် နောက်ကျဂိုးများဖြင့် ကံကောင်းလေ့ရှိသည့် တူရကီတို့ ဂျာမနီ၏ နောက်ကျအနိုင်ဂိုးကြောင့် ရင်နာခဲ့ရသည်။ အခြားဆီမီးဖိုင်နယ်တွင် ရုရှားအသင်းကို စပိန်အသင်းက လွယ်လင့်တကူ (၃-၀)ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ ဗိုလ်လုပွဲသို့တက်ရောက်ခဲ့သည်။ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင်ကျင်းပခဲ့သည့် ဗိုလ်လုပွဲတွင် စပိန်နှင့် ဂျာမနီတို့၏ အကြိတ်အနယ်အရှိဆုံးပွဲကို တွေ့ခဲ့ရသည်။၂၀၀၆ ကမ္ဘာ့ဖလားတွင် တတိယရရှိပြီး အောင်ပွဲအတွက် အရှိန်ယူခဲ့သည့် ဂျာမနီအသင်းကို စပိန်အသင်းက အလဲထိုးခဲ့သည်။ ပွဲချိန် (၃၃)မိနစ်တွင် ကွင်းလယ်ဖန်တီးရှင် ဇာဗီ ပေးပို့သည့်ဘောလုံးကို တိုက်စစ်မှူး တောရက်စ်က ဂျာမနီဂိုးသမား လေမန်းနှင့်အတွေ့တွင် အပိုင်ကန်သွင်းကာ ဗိုလ်လုပွဲ၏တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့သည်။ ထို့ကြောင့် စပိန်အသင်းမှာ ၁၉၆၄ခုနှစ် အိမ်ရှင်အဖြစ်ကျင်းပသည့်ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက်ဗိုလ် စွဲခဲ့သလို ကမ္ဘာ့ဘောလုံးလောကတွင် စပိန်တို့၏အုပ်စိုးမှုကို အစပျိုးခဲ့ သည်။ ပြိုင်ပွဲ၏အကောင်းဆုံးကစားသမားဆုကို စပိန်ကွင်းလယ်လူ ဇာဗီက ရရှိခဲ့သည်။

၂၀၁၂ ဥရောပဖလားဘောလုံးပြိုင်ပွဲ

    စပိန်တို့ရွှေခေတ်ကို အမြင့်ဆုံးမှတ်တိုင်ထိရောက်ရှိစေခဲ့သည့် ပြိုင်ပွဲဖြစ်သည်။ ယူရို-၂၀၀၈၊ ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတို့တွင် ဆက်တိုက်ဗိုလ်စွဲထားသည့် စပိန်အသင်း ယူရို-၂၀၁၂ ပြိုင် ပွဲတွင် ထပ်မံဗိုလ်စွဲပြီး ကမ္ဘာပေါ်ရှိ နိုင်ငံအဆင့်ပြိုင်ပွဲကြီးများတွင် မှတ်တမ်းတင်ရန်ခက်ခဲလွန်းသည့် ပြိုင်ပွဲကြီး(၃)ခုတွင် ဆက်တိုက်ဗိုလ်စွဲသည့်စံချိန်ကို ရရှိခဲ့သည်။ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် တတိယအကြိမ်မြောက် (၂)နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ၂၀၀၈ သြစတြီးယား+ဆွစ်ဇာလန်ပြီးနောက် ဆက်တိုက် ဆိုသလို၊ ပိုလန်+ယူကရိန်းက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့သည်။ အုပ်စုပွဲစဉ်များအပြီးတွင် ချက်၊ ဂရိ၊ ဂျာမနီ၊ ပေါ်တူဂီ၊ စပိန်၊ အီတလီ၊ အင်္ဂလန်၊ ပြင်သစ်တို့ ကွာတားဖိုင်နယ်တက်ရောက်ခဲ့ကြသည်။  ကွာတားဖိုင်နယ်ပွဲများမှာ အကြိတ်အနယ်ရှိခဲ့ပြီးနာမည် ကြီး အင်္ဂလန်နှင့် အီတလီတို့ပွဲမှာမူ ပွဲချိန်တွင်း ဂိုးမသွင်းနိုင်ခဲ့သလို အချိန်ပိုတွင်လည်း (၀-၀)ရလဒ်ဖြင့် ပြီးဆုံးခဲ့သောကြောင့် ပယ်နယ်တီကန်သွင်းရာ အီတလီဘက်မှ ပီယာလို၏မှော်ကန်ချက်အပါအဝင် ပယ်နယ်တီ(၄-၂)ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဆီမီးဖိုင်နယ်အတွဲအဖက်များမှာ ရင်ခုန်စရာကောင်းခဲ့သည်။ ပေါ်တူဂီနှင့် စပိန်ပွဲတွင် စပိန်အသင်းက ပယ်နယ်တီအဆုံးအဖြတ် (၄-၂)ဂိုးဖြင့်အနိုင်ရခဲ့ပြီး ဂျာမနီ-အီတလီပွဲတွင် အီတလီတိုက်စစ်မှူး ဘာလိုတယ်လီ၏အကောင်းဆုံးခြေစွမ်းဖြင့် နာမည်ကြီး ဂျာမနီကို အီတလီတို့(၂-၁)ဂိုးဖြင့်အနိုင်ရခဲ့သည်။ ဗိုလ်လုပွဲတွင် စပိန်နှင့် အီတလီတို့ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ပွဲအစ(၁၄)မိနစ်တွင် ဆေးလ်ဗား ဦးဆောင်ဂိုးသွင်းယူပြီးနောက်မှာတော့ စပိန်အသင်းက အီတလီကို စိုးမိုးသွားခဲ့သည်။ အယ်လ်ဘာ၊ တောရက်စ်၊ မာတာ တို့က ဂိုးများထပ်မံသွင်းယူကာ အီတလီအသင်းကို (၄-၀)ဂိုးဖြင့်အနိုင်ယူခဲ့ပြီး စံချိန်များနှင့်အတူ ဆုဖလားကိုရယူခဲ့သည်။ ထိုရလဒ်မှာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံး ဗိုလ်လုပွဲရလဒ်ဖြစ်ခဲ့ပြီး အကောင်းဆုံးကစားသမားဆုကို စပိန်ကွင်းလယ်လူ အင်နီယေ စတာကရရှိခဲ့ကာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို စပိန်တိုက်စစ်မှူး တောရက်စ်က ရရှိခဲ့သည်။

၂၀၁၆  ဥရောပဖလားဘောလုံးပြိုင်ပွဲ

    ယူရို-၂၀၁၆ တွင် ပြိုင်ပွဲသမိုင်း၏ အကြီးမားဆုံးအပြောင်းအလဲတစ်ခုဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို (၁၆)သင်းမှ (၂၄) သင်းသို့ တိုုးမြှင့်သတ်မှတ်ခဲ့သည်။ ယင်းအကျိုးဆက်အဖြစ် အယ်လ်ဘေးနီးယား၊ ဝေးလ်စ်၊ မြောက် အိုင်ယာလန်နဲ့ အိုက်စလန်တို့ပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်မြင်ခဲ့သည်။ ကွာတားဖိုင်နယ်ပွဲစဉ်များမှာ အကြိတ်အနယ်ရှိခဲ့ပြီး အင်္ဂလန်အသင်းက ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခွင့်ရသည့် အိုက်စလန်ကို အရေးနိမ့်ကာထွက်ခွာခဲ့ရသည်။ ထို့ပြင် နောက်ထပ် ပထမ ဆုံးအကြိမ်ယှဉ်ပြိုင်ခွင့်ရသည့် ဗြိတိန်ကျွန်းစုမှ ဝေးလ်စ်အသင်းမှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိတက်ရောက်နိုင်ခဲ့သည်။  အိမ်ရှင်ပြင်သစ်က ချန်ပီယံဆုအတွက်ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး ဗိုလ်လုပွဲမှာ ပြင်သစ်နဲ့ ပေါ်တူဂီတို့ထိပ်တိုက်တွေ့ဆုံခဲ့သည်။ အံ့အား သင့်စရာကောင်းသည်မှာ ပေါ်တူဂီအသင်းသည် ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီအထိ မိနစ် (၉၀)အတွင်း နိုင်ပွဲလုံးဝမရခဲ့ဘဲ ဗိုလ်လုပွဲအ ထိတက်လှမ်းလာခဲ့ခြင်းဖြစ်သည်။ အိမ်ရှင်ပြင်သစ်အသင်းမှာ ချန်ပီယံဆုအတွက်ပြတ်ပြတ်သားသား ရေပန်းစားခဲ့သော်လည်း ပေါ်တူဂီအသင်းကအချိန်ပို (၁၀၉)မိနစ်မှာ အီဒါသွင်းယူတဲ့ တစ်လုံးတည်းသောဂိုးနဲ့အနိုင်ရဗိုလ်စွဲခဲ့သည်။ ယင်းမှာပေါ်တူဂီအသင်းအတွက် လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ပထမဆုံးရယူနိုင်သည့် နိုင်ငံတကာဆုဖလားအောင်ပွဲဖြစ်ခဲ့ပြီး ပြင်သစ်အသင်းမှာ အိမ်ရှင်ပရိသတ်ရှေ့မှောက်တွင် (၃) ကြိမ်မြောက်ချန်ပီယံဆုနှင့် ဝေးကွာခဲ့ရသည်။

၂၀၂၀  ဥရောပဖလားဘောလုံးပြိုင်ပွဲ

    နှစ် (၆၀) ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည့် ယူရို-၂၀၂၀ ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ၂၀၂၁ ခုနှစ်တွင် မှကျင်းပခဲ့ပြီး ထူးခြားမှုအဖြစ် နိုင်ငံပေါင်း (၁၁)နိုင်ငံရှိ ကွင်းကြီး (၁၁) ကွင်းတွင်လှည့်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။ ဆီမီးဖိုင်နယ် (၂)ပွဲနဲ့ ဗိုလ်လုပွဲကို အင်္ဂလန်နိုင်ငံ၊ ဝင်ဘလေးကွင်းမှာကျင်းပခဲ့ပြီး အင်္ဂလန်တို့အတွက် သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ယူရို ချန်ပီယံဆုရယူဖို့ အကောင်းဆုံးသောအခွင့်အရေးဖြစ်ခဲ့သည်။ ယခုပြိုင်ပွဲတွင် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုမှာ ယူရိုပြိုင်ပွဲ သမိုင်း၏ စံချိန်မှတ်တမ်းများစွာကို ပိိုင်ဆိုင်ခဲ့ပြီး လူငယ်ကစားသမားများစွာနဲ့ အင်္ဂလန်အသင်းမှာလည်း မျှော်လင့်ထား သည့်အတိုင်း ပြိုင်ပွဲတစ်လျှောက်ခြေစွမ်းပြနိုင်ခဲ့သည်။ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်၏ကွင်းအတွင်းသတိလစ်လဲကျမှုအပါအဝင် ယူရို-၂၀၂၀ ပြိုင်ပွဲတစ်လျှောက် မထင်မှတ်ထားသည့်ဖြစ်ရပ်များစွာဖြစ်ပေါ်ခဲ့ပြီး အိမ်ရှင်အင်္ဂလန်နှင့် အီတလီတို့ယှဉ်ပြိုင်ကစားခဲ့သည့် ဗိုလ်လုပွဲမှာ နောက်ဆုံးအချိန်၊ နောက်ဆုံးမိနစ်အထိရင်ခုန်စိတ်လှုပ်ရှားခဲ့ရသည်။ မိနစ် (၁၂၀)ပြည့်တဲ့အထိ (၁-၁) ဂိုး သရေကျနေသည့်အတွက် ပယ် နယ်တီအဆုံးအဖြတ်ကန်သွင်းရာတွင် အီတလီအသင်းက (၃-၂)ဂိုးနဲ့အနိုင်ယူပြီး ၁၉၆၈ နောက်ပိုင်း တစ်ကျော့ပြန် ဗိုလ်စွဲ အောင်စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်သလို အသင်းသမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက်ရယူနိုင်သည့် ယူရိုချန်ပီယံဆုဖြစ်ခဲ့သည်။ 

Most Read

Most Recent